အင်းလေး အမှတ်တရ စက်လှေစီးမိသည့်ခဏ

Words
294
Reading
2 min
Listen
Play
8y

ရုံးမှ ရုံးသူ ရုံးသားများစု၍ ရှမ်းပြည်တောင်ပိုင်းသို့
ဘုရားဖူးထွက်ကြသည်။ ပင်းတယ၊ ထန်စမ်းနှင့်
မြင်းမထိ လိုဏ်ဂူဘုရားများ အပြင် အင်းလေး
ဘုရားများသွားရောက်ဖူးကြသည့် ခရီးစဉ်ဖြစ်
သည်။

ရုံးမှ ညနေ ၄နာရီ အချိန်တွင် ရွှေမန်းသူကားငှါး၍
ခရီးစခဲ့ကြသညိ။ ခရီးအစ ကားစထွက်သည်နှင့်
လူတိုင်း ရွှင်လန်းစွာ ပျော်ပျော်ပါးပါး စကြ
နောက်ကြရင်း ပျော်ရွှင်စွာ ကားခေါ်ဆောင်ရာ
လိုက်ပါခဲ့ကြသည်။အချိန်က တန်ဆောင်မုန်းလဆန်း
အချိန်အခါသမယဖြစ်သည်။

မန္တလေး အထွက် နေကျချိန်ဖြစ်၍ အပူချိန်
အနည်းငယ်ရှိသဖြင့် လူတိုင်းနီးပါး အင်္ကျီ ကို
ပေါ့ပါးစွာဝတ်ဆင်ခဲ့ကြသည်။ ညနေမှောင်ရီရီ
အချိန် တွင် သာစည်လွင်ပြင်မှ ကျော်၍
တောင်တန်းများပေါ်သို့ တောင်တက်လမ်း
စတင်ခဲ့သည်။ တောင်ပေါ်သို့ စတက်သည့်နှင့်
အအေးက သိသာစွာအေးလာသည်။

image

ကားက အလုံပိတ်ဖြစ်၍ အအေးဒဏ်ကို
သိပ်မသိသာသေးပါ။ ယင်းမာပင် ရောက်တော့
ထမင်းစားနားကြသည်။ ကားပေါ်မှအဆင်း
တောင်ပေါ်လေအေးက စတင်နူတ်ခွန်းဆက်သ
သည်။ ထမင်းဆိုင်မှာ ထမင်းစားနားကာ
ကျန်းမာရေးပြုလုပ်၍ ကားပေါ်တက်ကာ
ခရီးဆက်ကြပါသည်။

ကားအထွက် အအေးဓာတ်ကပိုလာသည်။
တောင်ပေါ်လမ်း အကွေ့အကောက်များ၍
ကားမှာ ကွေ့ဝိုက်မောင်းနှင်သည်။ ယင်းမာပင်
နားစဉ် ကျွန်တော်မှာ ထမင်းတစ်လုပ် နှစ်လုပ်
သာစားနိုင်သည်။ အအေးသည် ကားအတွင်း
ထိုးဖောက်ဝင်လာသည့်နှယ် ရှိလှသည်။
တောင်ပေါ်လမ်း အကွေ့အကောက်နှင့်
အအေးဒဏ်ကြောင့် ကားပေါ်ပါသူ လူအချို့
သည် အော့အန်ကျပါလေသည်။

ကားဆရာများက ခုံနောက်တွင် ကြွပ်ကြွပ်အိတ်မဲ
များထားပေး၍ တော်ပေသည်။ကျွန်တော်လည်း
အန်မိပါသေးသည်။ အော် အေးလိုက်သည့်
မောရှမ်းတို့ရဲ့ဒေသ အအေးကိုပတ်ပါရော
လားကွယ်ရို့။ မှောင်မှောင်မဲမဲ တောင်ပေါ်လမ်းရဲ့
လှပသည့် ထင်းရှူးတောတန်းများမမြင်ရ၍
ကားစီးရင်း နေ့အချိန်ကို တမ်းတမိပြန်ပါသေးသည်။

image

ည ၂နာရီတွင် ပင်းတယသို့ရောက်ရှိသည်။
ပင်းတယ အနီးဘုန်းကြီးကျောင်းတွင် တည်းခိုကြ
သည်။ ည ၂နာရီ ဘုန်းကြီးကျောင်းရှိ အုတ်ရေကန်မှာ သွားတိုက်တော့ အမလေး အေးလိုက်တဲ့ရေဗျာ လက်တွေကို ထုံလို့ လက်ခါပြီး သွားတိုက်ခဲ့ရတာ။ အိပ်တော့လည်း ပူးကပ်အိပ်တာတောင် အေးလွန်းလို့ အိပ်မပျော်ခဲ့ပါဘူး။ မနက် ၅နာရီထပြီး ပင်းတယလိုဏ်ဂူသို့ ဆက်လက်ထွက်ခွာကြသည်။

ပင်းတယ မှ ထန်စမ်း၊ ထိုမှ မြင်းမထိလိုဏ်ဂူဘုရားများဖူးမျှော်ကြသည်။ ထို့နောက်တွင်
တောင်ကြီး မှာ ညအိပ်နားကြပြန်သည်။
တောင်ကြီးမှ စောစောထကာ အင်းလေး
သို့ခရီးဆက်ခဲ့ကြသည်။ အင်းလေး ခရီးစဉ်ကတော့ရင်တုန် ရင်ခုန်စရာပါ။ အင်းထဲသို့ ဘုရားဖူးသွား
တော့ လူများ၍ စက်လှေနှစ်စီး လူခွဲစီးကြသည်။
စက်လှေသမားက တစ်စီးထဲစီး၍ ရကြောင်းပြော
သည်။

image
ဘဝသံသရာတံတားအား ကားလမ်းမှမြင်ရစဉ်

image

သို့သော် ကျွန်တော်တို့အဖွဲ့သည် စက်လှေနှစ်စီး
ငှါးသည်။ ချောင်းချောင်းချိချိစီးရန်နှင့် အန္တရာယ်
ကင်းရန်အတွက်ဖြစ်သည်။ အသွားတွင် စက်လှေ
နှစ်စီး အပြိုင်အဆိုင် တဟေးဟေး တဟားဟား
တစ်စီးမှ တစ်စီး လှမ်းအော်ကြသည်။ ငှက်များ
ကိုလဲ အစာကျွေးရင်းဖြင့်အင်းလေးဖောင်တော်ဦးဘုရားသို့ ရောက်ရှိကြသည်။

အင်းလေးဘုရားများဖူးပြီး အပြန်ခရီးမှာ ရင်တုန်
ရပါတော့သည်။ ကျွန်တော်စီးသည့် စက်လှေမှာ
ဘုရားမှ အပြန် ၁၀မိနစ်ခန့် မောင်းအပြီးတွင်
စက်ရပ်သွားသည်။ စက်လှေတစ်စီးလျှင် ၁၅ ဦးခန့်
စီးကြသည်။ စက်လှေမှာ ရေလယ်မရောက်ရှိ
သေးပါ ဗေဒါပင်များနှင့် အိမ်များကိုမြင်ရသဖြင့်
စိတ်မှာအနည်းငယ်သာကြောက်မိသည်။ စက်လှေ
မောင်းသူကောင်လေးက ရှေ့တစ်စီးကို ဖုန်းဆက်
ခေါ်လိုက်သည်။

image

အဆိုပါဖုန်းဖြင့်ခေါ်သည့် စက်လှေမှာ ကျွန်တော်တို့ရုံးအဖွဲ့စီးသည့်လှေပင်ဖြစ်သည်။ ထိုစက်လှေမှ
ကျွန်တော်တို့စက်လှေကို ကြိုးဖြင့်ဆွဲခေါ်သည်။
နှစ်စီးလုံးမှာ လူပါရှိ၍စက်လှေများသည် ရွေ့အား
နည်းလှသည်။ ရေထဲမှာ လှေနှစ်စီးတရွတ်တိုက်
နေ၍ ဘုရားတနေရသည်။ နောက်ဆုံးတွင်
လှေနှစ်စီးကို တစ်စီးထဲဖြစ်အောင်ပေါင်းရ
တော့သည်။

ကျွန်တော်တို့လှေမှ လူအားလုံးသည် ဆွဲသည့်
လှေပေါ်သို့တက်ကြရသည်။ရေထဲမှာ လှေနှစ်စီး
ယှဉ်၍ပြောင်းစီးကြသဖြင့် အားလုံးဘုရား တ ကာ
ပြောင်းကြရသည်။ ကျွန်တော်မှာနောက်ဆုံးမှ
ပြောင်းရသဖြင့် လှေမှာလူပြည့်နေသည်။အဆိုပါ
လှေပေါ်တွင် ပေါင် ၃၅၀ ခန့်ရှိ ရုံးအဖွဲ့တစ်ဦးပါ၍
စက်နေရာအနီးရှိခုံပေါ်တွင် သူ့ကိုထိုင်ခိုင်းထားသည်။

image

image

နောက်ဆုံး နေရာမရသည့် အဆုံး ကျွန်တော်သည်
ပေါင်၃၅၀ ၏ ခုံဘောင်တန်းလေးတွင် ကပ်၍ထိုင်ရ
တော့သည်။ လူအားလုံးပြောင်းပြီး လှေထွက်ခဲ့
သည်။ လှေဘောင်နံရံနှင့် အင်းရေပြင်မှာ ထိစပ်
ရန် လက်နှစ်လုံးခန့်သာလိုတော့သည်။ စက်လှေမှာ
အင်းရေပြင်ကို ခွဲ၍ပြေးလွှားနေသည်။ ရေစက်များက တခါတရံ မျက်နှာကိုလာထိမှန်သည်။

အသွားတွင်ပျော်မြူးခဲ့သလောက် အပြန်ခရီးမှာ
အသက်ပင်ဝဝမရှူ ခဲ့ရဲပါ။ အင်းရေပြင် တမျှော်
တခေါ်ကြီးအလယ်သို့ရောက်သောအခါ ကမ်းစပ်ကို
အမြန်ရောက်ချင်စိတ်ဖြစ်မိသည်။ စိတ်ထဲမှာတော့
ရသည့်ဘုရားစာမျိုးစုံကို ရွတ်ဖတ်မိသည်။
ကမ်းစပ်ရောက်မှ ရင်ထဲက အလုံးကြီးကျသွား
သလိုခံစားရသည်။တစ်ဦးမျက်နှာ တစ်ဦးကြည့်ကာ
ပြုံးနိုင်ကြပါတော့သည်။

Author htwegyi@htwegyi
Photo htwegyi@htwegyi
MSC.036

အင်းလေး အမှတ်တရ စက်လှေစီးမိသည့်ခဏ | Ecency