"ဟဲ့ နင့်တို့အိမ် လုပ်ပြီပလား"
"ဟဲ့ သူတို့အိမ်က လုပ်စရာလိုလို့လား"
"ဟုတ်တယ် တိုက်နဲ့အိမ်တွေက လုပ်ရအုံးမှာလား
အဓိပ္ပါယ်မရှိတာ"
"အင်း တို့လည်း ဒီလူ နှိပ်စက်မှ ရှေ့မရောက်ပဲ
နောက်ပြန်ရောက်နေတယ်"
"ဟုတ်တယ် ခေါင်းလေးဘာလေး မသုံးဘူး"
"ဒင်းတို့လုပ်တာနဲ့ ဝါးလုံးဈေးတောင် တက်သွား
ပြီ"
"ဟ လုပ်ပြီးသား ဝယ်လိုက်လေး တစုံကို
ရှစ်ထောင်ကျပ်တဲ့"
ဒါကတော့ ယခုတလော ရပ်ကွက်မှာ လူပြော
သူပြောနဲ့ လူတိုင်းအိမ်မှာ လုပ်ထားကြသည့်
မီးချိတ်နှင့် မီးကပ်များ အကြောင်းဖြစ်သည်။
ကျွန်တော်တို့ရပ်ကွက်ကို မီးချိတ်နှင့် မီးကပ်
ပြုလုပ်ရန်အတွက်မည်သူမှ လာရောက်မပြောပါ။
သို့သော် ကျွန်တော်အကို တယာပွကြီးက
သူ့ သောက်ဖော်သောက်ဖက် အပေါင်းအသင်း
များ၏ပြောကြားမှုကြောင့် သူကိုယ်တိုင်
ပြလုပ်လေသည်။ ပြုလုပ်ရင်း ပြောသေးသည်။
"လုပ်ထားမှ နို့မို့ ဒင်းတို့က ဘာမပြော ညာမပြောနဲ့
လာပြီးစစ်လား ဆေးလားလုပ်ရင် ငါးသောင်း
တသိန်းပေးနေရအုံးမယ်၊ သူတို့ပေးမယ်အစား
ကိုယ့်ဖာသာ သောက်ရတာမှ ကောင်းအုံးမယ်"
မှန်ပါသည် မီးချိတ်နှင့် မီးကပ် ဆိုသည်မှာ
တဲအိမ် ၊ ဝါးအိမ်များအတွက်သာ ဆွဲချ၍
ရသော်လည်း တိုက်အိမ်များကိုမူ မည်သို့
ပြုလုပ်နိုင်ပါမည်နည်း။ ရွှေဉာဏ်စူးကြပါပေ့
သည်။ ဒင်းတို့၏ ကောင်းမှုကြောင့် ဈေးသွားရာ
လမ်းတလျှောက်ရှိ နေအိမ်များတွင်
မီးချိတ်နှင့် မီးကပ်များ အိမ်တိုင်း ထောင်ထား
ကြသည်ကို သတိထားမိသည်။ ဒုက္ခပေးနိုင်
သူကြီးတွေ မဟာဒုက္ခတွင်းဆုံး ကျချင်တိုင်း
ကျပါစေ။
@htwegyi
8-1-2023