အမေ့ သမီးများ

Words
124
Reading
1 min
Listen
Play
4y

img_0.7621092795142147.jpg

တနေ့က ကျွန်တော်တို့ရပ်ကွက်ထဲမှာရှိတဲ့
ကျုးအိမ်များကို စတီဗင်ဇော်ကြီးမှ ထမင်းဘူးများ
လာရောက်လှူသည်။ ကျုးဆိုပေသိ ရပ်ကွက်ထဲမှ
လူများလည်း သွားရောက်တန်းစီယူကြသည်။
စတီဗင်ဇော်ကြီး ဆိုသည်မှာ Facebook
မှာ နာမည်ကြီး ဆယ်လီတဦးဖြစ်သည်။

သူက ဆင်းရဲသားရပ်ကွက်များ၊ ကျုးများ
ထံသို့ ထမင်းဘူးနှင့် အခြားအလှူများ
လှူဒါန်းပြီး Facebook ပေါ်တင်သည်။
ယခင်က သူသည် Facebook တွင်
ဗီဒီယိုလေးများတင်၍ နာမည်ရလာသည်။
ယခုအခါ အလှူရှင်များကိုယ်စား သူက
ဦးစီး၍ ထမင်းဘူးများ လှူဒါန်းဝေငှပေးသည်။


Image Credit.

ပြောချင်တာက ထမင်းဘူးတန်းစီတဲ့အချိန်ကို
ပြောချင်သည်။ ထမင်းဘူးကို တန်းစီ၍
ယူရသည်။ ထိုသို့ တန်းစီစဉ် အချို့က နောက်သို့
သွားရောက်မတန်းပဲ ကြားဖြတ်ဝင်ရောက်သည်။
နေ့လယ်ခင်း ဆိုတော့ အရိပ်မရှိ၍ ဆောင်းနေ
ဆိုပေသိ ပူပေသည်။

ထမင်းဘူး တန်းစီသူများသည် အချို့က
ထီး၊ ခမောက်၊ ဦးထုပ်များဆောင်သည်
အချို့ကတော့ ဘာမှ မပါပေ။ ခေါင်းစောင်း
မပါသူကများသည်။ ထိုကြောင့် နေပူပူထဲ
တန်းစီနေသူချင်း နောက်မှ ရောက်လာပြီး
ကြာဖြတ်တန်းပါက နောက်မှ လူက
အော်ပြောသည်။


Image Credit.

"ဟေ့ နေပူပူထဲ သူများလို တန်းစီလေ၊
နောက်မှ လာပြီး လူပါးမဝကြနဲ့ဟေ့"

"ဟုတ်တယ် တို့တွေက အမေ့သမီးတွေဟေ့
စည်းကမ်းရှိတယ်၊ တန်းစီတယ်၊ အဖေ့သမီး
တွေ လူပါးမဝကြနဲ့"

"ကောင်မရေ့ စွတ်အော်မနေနဲ့ တော်ကြာ
အဖေ့သမီးတွေကြားရင်း ပြဿနာတက်
နေအုံးမယ်"

အော်သူ ပြောသူ အမျိုးသမီးများက
သူရို့ဟာ သူရို့ ပြောလိုက် ဆိုလိုက် ရီလိုက်
တဝါးဝါးပွဲကြနေသည်။ ထမင်းဘူးများက
ဝေသည့်အခါမှာတော့ မြန်ဆန်သည်။
ခဏအတွင်းမှာပင် လူတန်းကြီးမှာ ပြီးဆုံး
သွားသည်။ စတီဗင်ဇော်ကြီးက သုံးရက်
ဆက်တိုက် ထမင်းဘူးများ လာရောက်
ဝေပေးလှူဒါန်း‌လေသည်။

htwegyi@htwegyi
18-11-2022

အမေ့ သမီးများ | Ecency