Bird Sparrows

Words
60
Reading
1 min
Listen
Play
2y

မင်္ဂလာပါ။

အိမ်ခြံစည်းရိုးက သစ်ပင်ငယ်တခုပေါ်မှာ ငှက်သိုက် နှစ်ခုရှိသည်။
စာကလေးငှက်သိုက်များ ဖြစ်သည်။
စာကလေးတွေသည် လူတွေအနား ‌လာလေ့ရှိကြသည်။
သို့သော် စာလေးတွေသည် လူတွေ သူတို့အနား ကပ်တာကိုတော့ မခံပါ။

စာကလေးတွေသည် လူနေအိမ် အနီး၌ နေကြကာ ထမင်းလုံး ၊ ဆန်စေ့ ၊ စပါးစေ့ စသည်တို့ကို ကောက်ကာ စားတတ်ကြသည်။
မနက် မိုးလင်းလာသည်နှင့် စာလေးတွေ၏ တကျွီကျွီ မြည်သံကို ကြားလာရ၏။
ညနေ မှောင်လာလျှင်လည်း စာတွေ အော်မြည်သံကို ကြားနေရတတ်သည်။
နေ့လည်ဘက်တွေမှာတော့ စာကလေးတွေ အခြားနေရာဆီ အစာရှာ ထွက်ကြသည် ထင်ရသည်။
စာမြည်သံ သိပ်မကြားရပေ။

အိမ်ခြံစည်းရိုးက အပင်ပေါ်မှာ စာငှက်သိုက် နှစ်ခု အနား စာ‌ကလေးတွေ မြူးတူးပျံသန်းနေကြတာကို အမှတ်တရ ဓာတ်ပုံရိုက်ယူပြီး ဒီမှာ ဖော်ပြကာ မျှဝေပေးလိုက်ပါတယ်။

golden.future@golden.future

Bird Sparrows | Ecency