May you be blessed.
It has been raining for days now.
The farmers who are going to plant peanuts are plowing their fields because of the rain.
I also noticed the plowed fields on the side of the forest road while I was going to other villages.
It was evening, so the sun was setting.
The palm trees next to the field were also green. The field had just been plowed, and herons were looking for food.
The plowed soil was soft, and insects and leftover crops were emerging from the soil, so the herons must have been picking and eating them.
So I turned on my phone camera and took pictures of the herons in the field.
So today, I'm sharing the pictures of the herons in the Feathered Friends Community.
မင်္ဂလာရှိကြပါစေ။
ဒီရက်ပိုင်း မိုး ရက်ခြား ရွာချခဲ့သည်။
မိုးရေ ရတော့ မြေပဲ စိုက်မည့် တောင်သူများသည် ယာခင်းများကို ထွန်ယက်နေကြပါသည်။
ကျွန်တော်လည်း အခြားကျေးရွာတွေသို့ သွားရင်း တောလမ်းနဘေးက ထွန်ယက်ပြီးစ ယာခင်း ကို သတိထားကြည့်မိခဲ့ပါတယ်။
အချိန်က ညနေခင်း ဖြစ်သောကြောင့် နေဝင်စပြုနေပါပြီ။
ယာခင်းနဘေးက ထန်းပင်တွေကလည်း အစီအရီ စိမ်းစိုလှနေပါတယ်။
ထွန်ယက်ပြီးစ ယာခင်း ထဲမှာတော့ ဗျိုင်းငှက်တွေ အစာရှာနေကြပါတယ်။
ထွန်ယက်ထားသော မြေကြီးသည် ရွနေပြီး မြေကြီး ထဲမှ အင်းဆက်ပိုးမွှား နှင့် လက်ကျန် သီးနှံများ ထွက်ပေါ်လာသောကြောင့် ဗျိုင်းငှက်များက ကောက်ယူစားနေကြခြင်း ဖြစ်မည်။
ဒါနဲ့ ကျွန်တော်သည် Phone Camera ဖွင့်ကာ ယာခင်းထဲက ဗျိုင်းငှက်များကို ဓာတ်ပုံရိုက်ယူခဲ့ပါသည်။
သို့ဖြစ်၍ ဒီနေ့မှာတော့ ဗျိုင်းငှက်ပုံများကို Feathered Friends Community ၌ ဖော်ပြပေးလိုက်ပါသည်။