Yes He Did

Words
179
Reading
1 min
Listen
Play
2y

Ronald ၏ Al Nassr အသင်း ကတော့ King's Cup ဗိုလ်လုပွဲ အဆင့်သို့ တက်လှမ်း သွားပြီ ဖြစ်၏။ ဒီနေ့ မြန်မာစံတော်ချိန် မနက် 12 နာရီခွဲမှာ ကစားသည့် Al Khaleej နှင့် ဆီမီးဖိုင်နယ်ပွဲမှာ Al Nassr တို့ 3-1 ဂိုးဖြင့် အနိုင်ရသွားခဲ့၏။ Ronald က 2 ဂိုးသွင်းယူခဲ့၏။ အမှန်တော့ Hat-trick ရမှာ ဖြစ်၏။ 37 မိနစ်မှာ ရသည့် ပင်နယ်တီကို Mane အား ပေးသွင်းလိုက်ခြင်း ဖြစ်၏။ ဗိုလ်လုပွဲမှာ Al Hilal နှင့် ရင်ဆိုင် ယှဉ်ပြိုင်ရမည် ဖြစါ၏။

အဆိုပါ အသင်းနဲ့ Ronald က တွေ့ကို တွေ့လွန်း၏။ တွေ့တိုင်းလည်း Al Hilal အသင်းက အနိုင်ရယူသွားတာ အတော်လေး ဆိုးလှ၏။ ပိုဆိုးတာက Al Hilal အသင်း၏ နောက်တန်း ကစားသမား Al Bulayhi ဖြစ်၏။ သူ့ကို တော်တော်များ သိကြမယ် ထင်ပါရဲ့ ကမ္ဘာကျော် ဘောလုံးသမားတွေနဲ့ လှည့်ပတ်ပြီး ပွဲ ဖြစ်နေတဲ့ တယောက်ပေါ့။ Messi, Ronald တို့လို Goats တွေကိုပါ မချန်၊ အနေအေးလွန်းတဲ့ Son ကိုပါ ပြဿနာ ရှာခဲ့သူပေါ့။

Al Bulayhi က respect မရှိသည့် ကစားသမားဟု ဆိုရမည်ထင်။ ဂန္တဝင် ကစားသမား၊ နာမည်ကျော် ကစားသမားတွေကို မလေးမစား ဆက်ဆံတာကြီးက အတော်ကြည့်ရဆိုး၏။ တဖက်ကလည်း ထိုသို့ ပြုမူပုံတွေကြောင့် သူ့ကို လူတွေ ပိုသိလာသည်ဟုလည်း ပြောလို့ရ၏။ နောက်ဆုံး တွေ့ဆုံထားမှုမှာလည်း သူ့ကြောင့်ပင် Ronald အနီကဒ်နှင့် အထုတ်ခံခဲ့ရသေးသည် မလား။ ထို့ကြောင့် ယခု ဗိုလ်လုပွဲကတော့ အတော်လေးကို ကြည့်ကောင်း ပေလိမ့်မည်။

ဒီတကြိမ် ဒီတခါမှာတော့ Ronald တခုခု လုပ်ပြနိုင်လိမ့်မည်ဟု ယုံကြည်နေမိ၏။ ဒီရာသီ Al Nassr အတွက် မျှော်လင့်စရာ ဖလား တလုံးကလည်း ဒီတခုပဲ ကျန်တယ်မလား။ တကယ့်ကို ပြိုင်ဆိုင်မှု ပြင်းထန်သည့် ပွဲ ဖြစ်မှာ အသေအချာပင်။

ဒီနေ့ မနက် 1 နာရီခွဲမှာ ယှဉ်ပြိုင်သည့် Dortmund vs PSG ပွဲမှာတော့ Dortmund အသင်းက 1-0 ဖြင့် အနိုင်ရရှိသွားခဲ့၏။ ဒုတိယ အကျော့ PSG အိမ်ကွင်းမှာတော့ PSG က အနိုင်ပြန်ယူသွားမလား ဆိုတာကို စောင့်ကြည့်ကြရပေလိမ့်မည်။

(photo from Al Nassr Facebook page)

Yes He Did | Ecency