လှိုင်ဦးမော်ရဲ့ သီချင်း စာသားတခုလိုပေါ့ ဘာတဲ့ မချစ်တတ်သေးအောင် ကြိုးစားထားပါ ဆိုတာလေး။ United fan တယောက်အဖို့ United ပွဲကို မကြည့်ဖြစ်သေးအောင် ကြိုးစားရမယ့် အခြေအနေပါ။ Wednesday & Thursday တွေမှာ UCL ပွဲစဉ်တွေ တကျော့ပြန်လာခဲ့ပါပြီ။ ပွဲစဉ်အားဖြင့် ၄ ပွဲမြောက်ပေါ့။ ဒီနေ့ မနက် ၁ နာရီခွဲမှာ United ပွဲ ရှိလေ၏။ ယခင် တပတ်ကလို ည ၁၁ နာရီခွဲ မဟုတ်ပေ။
ကြည့်မယ်ဆိုရင်တော့ စောင့်ပဲ ကြည့်ကြည့်၊ ထပဲ ကြည့်ကြည့် ကြည့်လို့တော့ ရ၏။ ဒါပေမဲ့ အိပ်ရေးပျက်တာပဲ အဖက်တင်မှာလည်း တွေးကြောက်ရပြန်သေး၏။ မကြည့်တော့ပါဘူးလေ။ မနက်မှ Result & Highlight ပြန်ကြည့်တာပေါ့။ ကိုယ် မကြည့်လို့ထင် United က Roma ကို ၃-၂ နဲ့ နိုင်၏။ နိုင်ပေမဲ့ သက်တောင့် သက်သာ မဟုတ်ပေ။ အနောက်ကနေ လိုက်ကစားခဲ့ရခြင်း ဖြစ်၏။ Roma က ဦးဆောင်ဂိုး အရင်သွင်း၏။ ၁၁ နှင့် ၁၈ မိနစ်တွေမှာ ၂ ဂိုးဆက် သွင်း၏။ United တော့ ဇာတိပြပြီ ထင်ပါရဲ့။
ဒုတိယပိုင်းမှာတော့ ဟိုးယခင်က United ဝိညာဉ် ပူးကပ်သွားတယ် ထင်ပါရဲ့။ Come Back တွေ လုပ်ပြသွား၏။ ၅၈၊ ၈၃၊ ၈၆ မိနစ်တွေမှာ သရေဂိုးနှင့် အနိုင်ဂိုးတွေ သွင်းယူခဲ့လေ၏။ ထုံးစံအတိုင်း အပိုဆုကတော့ အနီကဒ်လေးပေါ့။ ချေပဂိုးနှင့် အနိုင်ဂိုး သွင်းပေးသည့် Cunha ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံရခြင်း ဖြစ်၏။ ဘာပဲ ပြောပြော အနိုင် ၃ မှတ် ပြန်ရလို့ မဆိုးပါဘူးဟု ပြောရမည်ထင်ပါ။ ၄ ပွဲ ကစားပြီး ၂ ပွဲနိုင်၊ ၂ ပွဲရှုံး ဆိုသည့် အခြေအနေမှာ ရှိနေ၏။
၄ ပွဲကစားပြီး ၄ ပွဲနိုင်ထားသည့် အသင်းအဖြစ် PSG က ရပ်တည်နေ၏။ Liverpool,Real Madrid နဲ့ Real Betis တို့ကတော့ ၄ ပွဲမြောက် ပွဲစဉ်ကို နက်ဖြန် မနက်မှ ကစားကြရမည် ဖြစ်၏။ သူတို့ ၃ သင်းကတော့ လောလောဆယ် ၃ ပွဲ ကစားပြီး ၃ ပွဲလုံး အနိုင်ရထား၏။ ၂ နှစ်ဆက် ချန်ပီယံ PSG ကတော့ မနက်က ပွဲစဉ်မှာ Villarreal ကို ၀-၆ ဆိုသည့် ရလဒ်နဲ့ အနိုင်ယူထားခဲ့၏။ အမှတ်ပေး ဇယားထိပ်မှာ ရပ်တည်နေသလို သွင်းဂိုးလည်း အများဆုံး ဖြစ်၏။
EPL က Aston Villa ကတော့ Barcelona ကို ၃-၀ နဲ့ ရှုံးနိမ့်သွားခဲ့ရ၏။ ဂျာမန် ဘီလူးကြီး Bayern Munchen ကတော့ Atletico Madrid ကို ၀-၂ နဲ့ အနိုင်ရသွားခဲ့လေ၏။ Bayern Munchen အနေနဲ့ ရှုံးပွဲ မတွေ့ထားပေမဲ့ ၂ ပွဲနိုင်၊ ၂ ပွဲ သရေကျထား၏။ နက်ဖြန် မနက်မှာတော့ ကျန်ပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်သွားဖို့ ရှိနေပါသေး၏။ United အနေဖြင့် နိုင်ပွဲရခဲ့လို့ အသက်ရှူချောင်သွားသည်ဟု ပြောရပေလိမ့်မည်။
(photos from UEFA page)