EPL Round 9 ၏ ကျန်ရှိ နေသေးသည့် ပွဲစဉ်ကို ဒီနေ့ မနက် ၂ နာရီခွဲမှာ ကစားသွားခဲ့ပါတယ်။ New Castle vs Everton ပွဲစဉ် ဖြစ်ပါတယ်။ ဒီ ၂ သင်းက ကြားရက်ထဲမှာ တွေ့ဆုံခဲ့ပါသေးတယ်။ Carabao Cup round 4 မှာ ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်မှာတုန်းက Everton က ၃-၁ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ခု EPL Round 9 မှာလည်း Everton အသင်းကပဲ ၀-၁ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ New Castle အနေနဲ့ Carabao Cup ရှုံးကြွေးကို မဆပ်နိုင်ဘဲ အရှုံးနဲ့သာ ထပ်မံ ကျေနပ် လိုက်ရပါတော့တယ်။
Round 9 အပြီးမှာ အမှတ်ပေးဇယား ဦးဆောင်သူ ပြောင်းသွားခဲ့ပါတယ်။ ဇယား ထိပ်ပိုင်းအသင်းတွေ အပြောင်းအလဲ အနည်းငယ် ရှိခဲ့ပါတယ်။ တချို့အသင်းတွေ ဇယား အထက်ပိုင်း တက်လာခဲ့ပြီး တချို့တွေ အောက်ဆင်းသွားပါတယ်။ ဥပမာ United လိုပေါ့။ ခုဆို အဆင့် ၁၇ နေရာမှာ ရပ်တည်နေပါတယ်။ သူ့ အောက်မှာ တန်းဆင်းဇုန်ပဲ ရှိပါတော့တယ်။
Man United ရဲ့ Legends players တွေ မြန်မာကို လာချိန်နဲ့ United ပွဲ ရှိချိန် တိုက်နေတာနဲ့ အဆိုပါ ကစားသမားဟောင်းတွေ ဒီက ပရိတ်သတ်တွေနဲ့ Watch party လုပ်သွားပါသေးတယ်။ ဒါကို ကိုယ့်ဆရာတွေက Chelsea ကို ၂-၀ နဲ့ ရှုံးရော။ သားသတ်သမားက ကိုယ့်အသင်းကို ကိုယ်ပြန်သတ်သွားခဲ့ပါပြီ။ ကစားသမားဆိုတာ အမှားနဲ့ မကင်းနိုင်ဘူး ဆိုပေမဲ့ Martinez ခမြာ အသင်း ကျဉ်းထဲကြပ်ထဲ ရောက်နေမှ အမှား ထလုပ်မိတော့ ပို ပြောစရာ ဖြစ်သွားခဲ့တာပေါ့။
ဒီရာသီမှာ Brighton အသင်းက ဘယ်သူမှ ထင်မှတ် မထားရလောက်အောင် တာထွက် ကောင်းနေခဲ့ပါတယ်။ ခုလည်း အမှတ်ပေးဇယား ဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေ၏။ သူများအသင်းတွေ ဂိုးတွေသွင်း၊ အနိုင်ရတာပိုပဲ အံ့အားသင့်နေရတဲ့ အဖြစ်ပါလေ။
(photos from EPL page)