UCL Semi-final 1 st Lag Day 1

Words
227
Reading
2 min
Listen
Play
5M

UCL ဆီမီးဖိုင်နယ် ပကျော့ပွဲစဉ်များ ဒီတပတ်မှာ ကစားမည် ဖြစ်၏။ ဒီနေ့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ PSG vs Bayern Munchen တို့ ကစားသွားခဲ့၏။ တကယ် အကြိတ်အနယ် ရှိသည့် ပွဲကောင်း တပွဲ ဖြစ်ခဲ့၏။ ပရိတ်သတ် အကြိုက် ဖျော်ဖြေမှုပေးနိုင်သည့် ပွဲလည်း ဖြစ်ခဲ့၏။ တိုက်စစ် အားသန်သည့် အသင်းတွေ ဖြစ်တာ နှင့်အညီ အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ကြည့်လို့ ကောင်းလှ၏။ မင်း တိုက်စစ်ဆို ငါလည်း တိုက်စစ် ဆိုပြီး ကစားသွားခဲ့ကြ၏။ ထို့ကြောင့်လည်း အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးတွေလည်း များသွားခဲ့၏။

ဦးဆောင်ဂိုးကိုတော့ Bayern Munchen တို့ စတင် ရခဲ့ခြင်း ဖြစ်၏။ ၀-၁ ဖြင့် ပွဲကို ဦးဆောင်ထား၏။ သို့ပေမဲ့ PSG တို့က ချေပဂိုးနှင့် ဦးဆောင်ဂိုးတို့ကို တဆက်ထဲ သွင်းယူ၏။ ၂-၁ ဖြင့် PSG တို့ ပြန်ဦးဆောင်၏။ Bayern Munchen တို့ ချေပဂိုး ပြန်သွင်း၏။ ၂-၂ သရေ ဖြစ်သွား၏။ ပထမပိုင်း ၄၅+၅ မိနစ်မှာတော့ PSG တို့ ဦးဆောင်ဂိုး သွင်း၏။ ၃-၂ ဖြင့် ပထမပိုင်း ပြီးသွားခဲ့၏။

ဒုတိယပိုင်း ၅၆ နှင့် ၅၈ မိနစ်တို့မှာ PSG အသင်း ၂ ဂိုးဆက် ထပ်မံ သွင်းယူပြီး ၅-၂ ဖြင့် ပွဲကို ဦးဆောင်၏။ Bayern Munchen ကလည်း အလျော့မပေးဘဲ နောက်ကနေ ပြန်လိုက် ကစား၏။ ၆၅ နှင့် ၆၈ မိနစ်တို့မှာ Bayern Munchen တို့ ၂ ဂိုး ပြန်လည်လို့ သွင်းယူနိုင်ခဲ့၏။ သရေ ရလဒ် ဖြစ်စေဖို့ လိုအပ်နေသည့် ချေပဂိုး ၁ ဂိုးကို ထပ်မံ မသွင်းယူနိုင်သဖြင့် ၅-၄ နဲ့ ပွဲပြီးသွားခဲ့၏။ ဂိုးများပေမဲ့ ဂိုးမပြတ်သွားသဖြင့် ဒုတိယကျော့ Bayern Munchen အိမ်ကွင်းမှာ ကစားမယ့်ပွဲစဉ်က ထပ်ပြီး ကြည့်ကောင်းမယ့် ပွဲစဉ်ဖြစ်မှာ အသေအချာပင်။

နက်ဖြန် မနက် ၁ နာရီခွဲမှာတော့ Atletico Madrid vs Arsenal တို့၏ ဆီမီးဖိုင်နယ် ပကျော့ ပွဲစဉ် ကစားမည် ဖြစ်၏။ ဒီပွဲစဉ်ကတော့ ရှေ့ပွဲစဉ်နဲ့ တူမည် မထင်ပေ။ ခံစစ်အသားပေး ကစားဟန် Atletico Madrid ကြောင့် ဒီပွဲက ပျင်းဖို့ကောင်းလိမ့်မယ်ဟု အများစုက ထင်ကြေးပေးထားကြ၏။ အသင်းတိုင်းက သူ့ အားသာချက်နဲ့ သူ၊ သူ့ ကစားဟန်နဲ့ သူ မလား။ ကိုယ့် အကြိုက် မဟုတ်တိုင်း ပွဲက ကောင်းမှာ မဟုတ်ဘူးဟု ပြောလို့ မရပေ။

ဆီမီးဖိုင်နယ် အဆင့် ပွဲစဉ်များဖြစ်သည်မို့ ကြည့်မကောင်းမှာ ပူစရာ မလိုပေ။ UCL မှာ ဒုတိယ နေရာနဲ့သာ ကျေနပ်ခဲ့ရဖူးသည့် နှစ်သင်း တွေ့ဆုံမှုက စိတ်ဝင်စားဖို့ ကောင်းမှာ အသေအချာပင်။ ပကျော့မှာ အိမ်ရှင် Atletico Madrid ကပဲ အသာရသွားမလား ဒါမှမဟုတ် ဧည့်သည် Arsenal က အကောင်းဆုံး တုန့်ပြန် ကစားပြီး လိုချင်တဲ့ ရလဒ်ကို အရယူသွားနိုင်မလားကတော့ မကြာမီ သိရတော့မည် ဖြစ်၏။

(photos from UCL page)

UCL Semi-final 1 st Lag Day 1 | Ecency