Ten Hag still Alive

Words
214
Reading
1 min
Listen
Play
2y

ဒီတပတ်မှာတော့ လိဂ် ပွဲစဉ်များ ပြန်လည် ကစားမည် ဖြစ်၏။ မနေ့ည စနေနေ့ မြန်မာစံတော်ချိန် ည 8 နာရီခွဲမှာ Man United vs Brentford တို့၏ ပွဲစဉ် ကစားသွားခဲ့၏။ လောလောဆယ်တော့ Brentford က အမှတ်ပေး ဇယားမှာ United ၏ အထက်မှာ ရပ်တည်နေ၏။ Brentford က 10 မှတ်နဲ့ အဆင့် 11 United က 8 မှတ်နဲ့ အဆင့် 14 နေရာမှာ ရပ်တည်နေ၏။ အိမ်ကွင်း ဖြစ်နေတာက လွဲလို့ လက်ရှိ အနေအထားမှာ Brentford က United ထက် ခြေစွမ်း၊ ကစားကွက် ပိုသာနေသည်ဟု ပြောလို့ရ၏။ လောလောဆယ် ကိုယ်တွေ United က အောက်သင်းလို့ပင် ပြောလို့ရ၏။ United တို့ အသင်းကြီး အနေအထားမှာ မရှိနေခဲ့တာ အတော်ကြာပြီ။

အိမ်ကွင်းမှာ Brentford ကိုသာ ရှုံးရင် Ten Hag ထွက် (ထုတ်) ခံရပြီ ထင်ပါရဲ့။ ကိုယ်တွေမှာ မျှော်စရာကလည်း ဒါပဲ ရှိခဲ့တာကိုး။ လွန်ခဲ့ပြီးသော တပတ်က Aston Villa နဲ့ သရေကျထားခဲ့၏။ ခု Brentford ပွဲမှာသာ အခြေအနေ မကောင်းရင် Ten Hag တော့ ခုံလှုပ်ပြီ ထင်ပါရဲ့။ လှုပ်ဦးမှပဲ။

နို့ပေမယ့် United fan အများစု၏ ဆုတောင်းက မပြည့်ခဲ့ပေ။ United တို့ Brentford ကို 2-1 ဂိုးဖြင့် အနိုင်ရသွားခဲ့၏။ Brentford က အရင် ဂိုးသွင်းခဲ့ခြင်း ဖြစ်၏။ ဒါပေမယ့် United က နောက်ကနေ လိုက်ပြီး ချေပဂိုး အနိုင်ဂိုးတွေ သွင်းယူခဲ့၏။ Ten Hag ထွက်မည့် အိပ်မက်လည်း ပျက်ပြယ်လို့ သွားခဲ့၏။ Ten Hag သာ ဒီ အကြောင်းကြားရင် ဘာလို့ မင်းတို့က ငါ့ကို ထွက်စေချင်တာလဲလို့ မေးမယ် ထင်ပါရဲ့။

မနေ့က United အမျိုးသား အသင်း အပြင် အမျိုးသမီးအသင်း၏ ပွဲစဉ် လည်း ရှိနေ၏။ Brighton (W) vs Man United (W) တို့၏ ပွဲစဉ် ဖြစ်၏။ စိတ်မကောင်းစရာက တဖက် တဂိုးစီနဲ့ သရေကျသွားခဲ့၏။ ရှေ့မှာ 3 ပွဲဆက် အနိုင်ရခဲ့ပေမယ့် ယခု ပွဲစဉ် 4 မှာတော့ သရေသာ ကျခဲ့၏။ သရေကျခဲ့ပေမယ့် အမှတ်ပေးဇယားမှာတော့ အဆင့် 1 မှာရပ်တည်နေပါ၏။ ဒါလေး ခံသာနေ‌လို့ဟု ဆိုရမည်။

ဒီနေ့ည မြန်မာစံတော်ချိန် ည 10 နာရီမှာတော့ Liverpool vs Chelsea တို့၏ ပွဲစဉ် ရှိနေ၏။ လောလောဆယ် အမှတ်ပေး ဇယား အဆင့် 1 မှာ ရပ်တည်နေသည့် Liverpool ကို Chelsea တို့ ရပ်တည့် ပစ်နိုင်မလားကတော့ စိတ်ဝင်စားဖွယ် ‌စောင့်ကြည့်ရ ပေလိမ့်ဦးမည်။

(photo from Manchester United Facebook page)

Ten Hag still Alive | Ecency