Spark OS 13.2 (Chapter 2)

Words
243
Reading
2 min
Listen
Play
4y

2 GB လောက်လေးကို နာရီနဲ့ ချီပြီး ကြာသွားခဲ့၏။ download ဆွဲပြီးနောက် data တွေ backup ထုတ်ရပြန်၏။ ခုနောက်ပိုင်းက ကိုယ့်အကြောင်း ကိုယ်သိလို့ online backup ကို ပို လုပ်ဖြစ်တော့ data backup ထုတ်ရတာက ယခင်လောက်တော့ မပင်ပန်း၊ အလုပ် မရှုပ်တော့ပေ။ ကိုယ်က စိတ်ကူးတည့်ရင် တည့်သလို firmware တွေ ထထပြီး ချိန်းလေ့ ရှိတော့ ခုလိုလေး လုပ်ထားမှ တော်ကာကြမည်။

backup တွေ ယူပြီးနောက် firmware တင်မယ်လုပ်တော့ wifi က လိုင်းမကောင်းဘူး ဖြစ်နေ၏။ firmware တင်ချိန်မှာ internet မလို ပေမယ့်၊ တင်ပြီးသွားပါက internet လို၏။ ထို့ပြင် Futsal သွားကန်ရမည့် အချိန်လည်း ကပ်နေပြီ ဖြစ်သဖြင့် ညမှပဲ တင်တော့မယ် ဟု တွေးထားလိုက်၏။

Futsal ကန်ပြီး အစာစား၊ အိမ်ပြန်ရောက် ပစ္စည်းတွေ နေရာချပြီးနောက် firmware တင်တော့၏။ သွားရော boot လည် (mi logo မှာတင် ရပ်နေခြင်း) သွားပြီ။ နောက်တကြိမ် ပြန်ထပ်တင်ကြည့်၏။ မရပေ။ boot လည်နေတုန်းပင်။ သွားပြီ ထင်၏။ Dev ပြောထားသည့် အတိုင်း တင်ခြင်း ဖြစ်၏။ ဒါပေမယ့် ဘာလို့ မရသနည်း။ သေချာ ပြန် စစ်ကြည့်တော့ ကျနော် မှားနေခြင်း ဖြစ်၏။ source firmware လွဲနေတာ။

mi phone အများစုက custom rom တင်လျှင် phone ၏ မူလ firmware (rom တခုလုံး မဟုတ်ပေ။ source firmware လေးလောက်သာ ဖြစ်၏။ 100 MB မကျော်ပေ။) နှင့် custom rom နှစ်ခု flash ရ၏။ သူက source firmware ကို global version နဲ့ flash ခိုင်းတာကို ကျနော်က china version နဲ့သွား flash မိခြင်း ဖြစ်၏။ ကျနော် သေချာ မစစ်မိလိုက်လို့ ဖြစ်၏။

တကယ်က pc လစ်သွားသည့် နေရာကနေ အစပြန်ကောက်ရမည် ထင်၏။ windows ပြန်တင်ဖို့ အတွက် memory stick ကို windows boot device အဖြစ် ပြောင်းရတော့ ထိုထဲက data တွေ အကုန် ဖျက်ရ၏။ windows ​တင်ပြီးနောက် အဆိုပါ stick (otg stick ဖြစ်သဖြင့် pc, laptop နှင့် phone တွေမှာပါ သုံးလို့ ရ၏) ကို format ချပြီး data backup နဲ့ flash ရမယ့် rom ကို ထည့်ထား၏။

ph ထဲမှာက internal storage အပြင် sd card ပါထည့်ထား၏။ sd card က size သေးတော့ rom ထည့်ဖို့ မဆံ့သဖြင့် otg stick နဲ့သာ firmware တင်ဖြစ်တာ များ၏။ sd card ထဲမှာက ဘယ်တုံးကမှန်း မသိဘဲ ရှိနေသည့် source firmware တခု ရှိနေ၏။ ဒီတခုကို flash ပြီး otg ထဲက ဟာကို flash မယ်ပေါ့။ အဲ့လို လုပ်လို့ လွဲသွားခြင်း ဖြစ်၏။

ဆက်ရန်

Spark OS 13.2 (Chapter 2) | Ecency