Sonny

Words
120
Reading
1 min
Listen
Play
1y

ဖလား လက်မဲ့ ရာသီ ဖြစ်ခဲ့ပြီ။ ဥရောပလိဂ်ပြိုင်ပွဲ ဝင်ရောက် ကစားခွင့်လည်း ဆုံးရှုံးခဲ့ရပြီ။ အသင်း သမိုင်းတလျောက် အဆိုးရွားဆုံး ရာသီဟု ဆိုရလောက်အောင် EPL မှာအဆင့် 16 တဲ့။ တခုထဲသော ဖလား မျှော်လင့်ချက်ကလည်း မနက်က ပွဲမှာ စပါးကို လွှဲပြောင်း ပေးလိုက်ရပြီ။ ဖလား လက်မဲ့ ရာသီအပြင် နောက်နှစ် ဘာ ဥရောပပွဲစဉ်တွေမှာမှ ဝင်ရောက် ကစားခွင့်မရတော့ပေ။ ကောင်းရော။

Amorim က ဘာဖြစ်ချင်လို့ ဖြစ်ချင်နေမှန်း မသိတော့ပေ။ Final ပွဲ၊ အရေးကြီးသည့် ပွဲကိုမှ လူထုတ်ပုံက တလွဲ။ ပထမပိုင်း တပိုင်းလုံးမှာ အလုပ် မဖြစ်ခဲ့သည့် ကစားသမားတွေကို လဲရမယ့်ဟာကို မလဲဘဲ လုပ်နေတာကလည်း မေးခွန်း ထုတ်ချင်စရာပင်။ Tottenham က ကောင်းလွန်း နေတာ မဟုတ်ဘဲ United ကကို ချာတူးလန်နေသည်ဟု ပြောလို့ရ၏။

ပထမပိုင်း ကတည်းက သွင်းထားသည့် တလုံးထဲသော ဂိုးကို ပြန်လည် ချေပနိုင်ခြင်း မရှိဘဲ အရှုံးပေးလိုက်ရတာက ခံရခက်ကြီး။ နောက်ရာသီမှာတော့ ယောင်လည်လည် ဖြစ်ပြီပေါ့။ အသင်း အတွက်လည်း ဆုကြေးတွေ အများကြီး နစ်နာခဲ့သည်ဟု ပြောလို့ရမည်။ ဒီရာသီအဖို့ ဒီအနေအထားနဲ့ပဲ ပြီးဆုံးခဲ့ပြီပေါ့။

United အတွက် စိတ်မကောင်း ဖြစ်ရပေမယ့် Sonny လေး အတွက်တော့ ပျော်ရပါ၏။ Tottenham မှာ ဆယ်စု နှစ်ကျော် ရှိခဲ့ပြီး ဖလား အောင်မြင်မှု မရရှိခဲ့မှုကို ဒီနှစ်မှာတော့ အဆုံးသတ်နိုင်ခဲ့လေပြီ။ United fan ပေမယ့် Sonny ကိုလည်း ချစ်ခင် အားပေးသူမို့ အရှုံးထဲက အမြတ်၊ မျက်ရည်တွေကြားထဲကနေ ပြုံးနေမိပါတော့၏။

(photos from Respective Facebook pages)

Sonny | Ecency