ဘာတဲ့
ဒီနေ့ တွေ့လိုက်တာလေး
ငွေထုတ်တော့လည်း တန်းစီ
လေထုတ်တော့လည်း တန်းစီ
သေတော့လည်း တန်းစီတဲ့
ဆိုးလိုက်တဲ့ ပြည်သူတွေ ဘဝ
မဟုတ်ဘူး
ဆန္ဒ ပြတော့လည်း တန်းစီ
တော်လှန်ကြမယ်ဆိုတော့လည်း တန်းစီ
တော်လှန်ရေးပြီး ပြန်လည်ထူထောင်ရေးအတွက် တန်းစီ
ခေတ်မီ ရင်ဘောင်တန်းနိုင်ဖို့ တန်းစီ
တယောက်နဲ့ တယောက်
အပြန်အလှန် ချစ်ခင်ကြင်နာဖို့ တန်းစီ
ကိုယ်ချက်းစာ တရား အပြည့်နဲ့ တန်းစီ
အဲ့လို ဖြစ်ရမှာ
မျက်ရည် ကျပါတယ်
ဒါပေမယ့် လက်သီးဆုပ်လျက်ပဲ
ခပ်တင်းတင်းကို ဆုပ်လျက်ပဲ
ရှူး... ရှူး... သွား
အာဏာရူး... ထွက်သွား
#CivilDisobedienceMovement
#JusticeForMyanmar
#RejectMilitaryCoup
#FightForDemocracy
#SaveMyammar
#HearTheVoiceOfMyanmar