ပြည်သူ့ သံပုံး (ဗုံး) (၁၆၁)

Words
54
Reading
1 min
5y
Listen to this post
~1 min

img_0.7396728979294764.jpg

ဘာတဲ့
ဒီနေ့ တွေ့လိုက်တာလေး
ငွေထုတ်တော့လည်း တန်းစီ
လေထုတ်တော့လည်း တန်းစီ
သေတော့လည်း တန်းစီတဲ့
ဆိုးလိုက်တဲ့ ပြည်သူတွေ ဘဝ

မဟုတ်ဘူး
ဆန္ဒ ပြတော့လည်း တန်းစီ
တော်လှန်ကြမယ်ဆိုတော့လည်း တန်းစီ
တော်လှန်ရေးပြီး ပြန်လည်ထူထောင်ရေးအတွက် တန်းစီ
ခေတ်မီ ရင်ဘောင်တန်းနိုင်ဖို့ တန်းစီ
တယောက်နဲ့ တယောက်
အပြန်အလှန် ချစ်ခင်ကြင်နာဖို့ တန်းစီ
ကိုယ်ချက်းစာ တရား အပြည့်နဲ့ တန်းစီ

အဲ့လို ဖြစ်ရမှာ

မျက်ရည် ကျပါတယ်
ဒါပေမယ့် လက်သီးဆုပ်လျက်ပဲ
ခပ်တင်းတင်းကို ဆုပ်လျက်ပဲ

ရှူး... ရှူး... သွား
အာဏာရူး... ထွက်သွား

#CivilDisobedienceMovement
#JusticeForMyanmar
#RejectMilitaryCoup
#FightForDemocracy
#SaveMyammar
#HearTheVoiceOfMyanmar

Don Jaun

ပြည်သူ့ သံပုံး (ဗုံး) (၁၆၁) | Ecency