I want My FOW

Words
207
Reading
1 min
Listen
Play
2y

Freebit မှာ FOW လှည့်ခွင့် ခုထိ ပြန်မရသေးပေ။ Mail ပို့ပြီး မေးထားပေမယ့် လုပ်ပေးပါ့မယ် အချိန်တော့ စောင့်ပေးပါချည်း ချနေ၏။ Technical error ဆိုရင်တောင် ပြန် အဆင်ပြေသင့်ပြီ ထင်ပါ၏။ ခုဆို တလပင် ကျော်လာခဲ့ပြီ မဟုတ်လား။ Freebit Team က Developer, Maintenance တွေ ဒီ error လေးကိုတောင် မရှင်းနိုင်ကြဘူးတဲ့လား။ ကြာတော့ လှမ်းလှမ်းမေးနေရတဲ့ ကိုယ်ပဲ စိတ်ညစ်လို့ လာခဲ့၏။ FOW လှည့်ခွင့် မရတာ အတော် နစ်နာဖို့ ကောင်းလှ၏။

လှည့်မရမှတော့ ဘာလို့ ကျနော်က FUN tokens ဝယ်ထားပြီး premium membership လုပ်နေတော့မှာလဲ။ ကျနော် hold ထားသည့် FUN အရေအတွက်ကြောင့် FOW လှည့်ခွင့် တရက်ကို 8 ကြိမ် ရထား၏။ တရက် 8 ကြိမ် လှည့်ခွင့်ကနေ တခါတလေ ပြန်ရသည့် BTC က (တရက်လုံး) တနာရီ တခါ ဝင် claim လို့ရသည့် ပမာဏထက် များနေတတ်၏။ ထို့ကြောင့် FOW လှည့်ခွင့်မရတာ ကျနော့် အတွက် နစ်နာလှသည်ဟု ပြောရခြင်း ဖြစ်၏။

လက်ရှိ FUN tokens ဈေးက 0.003$ ဝန်းကျင် ပေါက်၏။ ဈေးကျနေသည်ဟု ပြောလို့ရ၏။ ကာလတခုမှာတုန်းက 0.007$ ထိ ရောက်ခဲ့ဖူး၏။ အင်းလေ တက်တလှည့်၊ ကျတလှည့်ပေါ့။ Hive တောင် ခုထိ ပြန် တက်မလာနိုင်သေးပဲကိုး။ ခြေမွှေး မီးမလောင်၊ လက်မွှေး မီးမလောင် နေခွင့်ရသည့် မိဘ အိမ်သို့ ပြန်တက်မလာသေးသည့် သားလူမိုက် အိမ်ပြေး Hive ပင်။

အခြား ဘယ် tokens, ဘယ် coins တွေ ဘယ်လောက်ဈေး ဖြစ်နေနေ ကိုယ်ရွှေ Hive ကတော့ ခေါင်းမာစွာဖြင့် ယခု ဈေး၊ ယခု တန်ဖိုးမှာပဲ ရပ်နေ၏။ ကိုယ်တိုင်က အမြင့် မတက်ချင်မှတော့ ဆွဲတင်ပေးလို့လည်း မထူးလောက်ဘူး ထင်ပါရဲ့။

Lock လုပ်ထားသည့် FUN တွေတောင် တနှစ် ပြည့်သွားခဲ့ပြီ။ လောလောဆယ် ဘာမှ လုပ်ဖို့ အစီအစဉ် မရှိသေးတာနဲ့ stake (lock) ပဲ ထပ်လုပ်ထားလိုက်၏။ FUN saving က အတိုးအနေဖြင့် 25% APY ရ၏။ မဆိုးဟု ပြောလို့ရ၏။ ဘယ်အချိန် ဘယ်ဈေး ဖြစ်မယ် မသိပေမယ့် တချိန်ချိန်ပေါ့ ဆိုသည့် မျှော်လင့်ချက်နဲ့ပဲ ဆက်လက် hold ထားပါဦးမည်။ FUN အနေဖြင့် BTC, ETH, BNB တို့လို ဖြစ်လာဖို့ မရှိပေမယ့် လက်ရှိ တန်ဖိုးထက် များလာရင်ပဲ ဟုတ်နေပါပြီလေ။ 1 FUN ကို 10$ မဟုတ်တောင် 1 FUN ကို 1$ ဆိုရင်ပဲ ပျော်ပါပြီ။ လောလောဆယ်တော့ Future of Wheel လှည့်ခွင့်မရလို့ မပျော်နိုင်သေးပေ။

I want My FOW | Ecency