How to (Actifit post) post at Steemit and Blurt

Words
170
Reading
1 min
Listen
Play
4y

Actifit post က app ကနေ ဝင်ပြီး တင်လိုက်ရုံသာ ဖြစ်၏။ App ကနေ တင်လိုက်ပါက Hive မှာ ပိုစ့်တင်ပြီးသား ဖြစ်သွားပြီ ဖြစ်၏။ Actifit က Hive, Steemit, Blurt တို့နှင့်ပါ ချိတ်ဆက်ထား၏။ ထိုအချက်က တကယ့်ကို သဘောကျ စရာပင်။

Actifit ပိုစ့်ကို Hive မှာ တင်နေခဲ့ရာမှ တနေ့ကြမှ Steemit နဲ့ Blurnt မှာပါ တင်လို့ ရကြောင်း ဖတ်ရလေတော့၏။ အသိ နောက်ကျ လေခြင်း။ Hive နဲ့ Steemit က keys တူနေမယ် ဆိုရင် Actifit app ကနေ ပိုစ့် တင်လိုက် ကတည်းက တခါတည်း နှစ်နေရာ လုံးမှာ ပိုစ့် တက်မည် ဖြစ်၏။ သို့ပေမယ့် ကျနော် တို့က Steemit ကနေ Hive အပြောင်းမှာ Keys တွေ ချိန်းထားသဖြင့် ပိုစ့်က တနေရာမှာသာ ပေါ်၏။

Steemit နဲ့ Blurt က ယခင် ကတည်းက Key တခုထဲပဲမလို့ Steemit မှာ ပေါ်လျှင် Blurt မှာပါ ပေါ်ပြီ ဖြစ်၏။ ကျနော်တို့ Hive မှာဆို proofofbrain နဲ့ palnet တို့လိုပေါ့။ Hive နဲ့ Steemit တို့ Keys မတူပါ ကလည်း Actifit ၏ Setting မှာ Steemit နဲ့ Blurt အတွက် Active key ထည့်ပြီး save ထားလိုက်ပါက အဆိုပါ blogs တွေမှာလည်း ပိုစ့် ပေါ်သွားမည် ဖြစ်၏။

Hive မှာ ပဲ အဓိကထား ပိုစ့်တွေရေး တင်ဖြစ်သည် ဆို ပေမယ့် သက်သက် ထပ်ရေး စရာ မလိုဘဲ key လေး ထည့်ပေးလိုက်ရုံဖြင့် Steemit နဲ့ Blurt မှာပါ ပိုစ့် တက်သည်ဆိုတော့ မဆိုးပေ။ Hive မှာလို vote ရတာ မရတာထားလိုက် ဒီအတိုင်း Active ဖြစ် activity လေး ရှိနေတော့ ကောင်းသည် မဟုတ်လား။ မည်သို့ပင် ဆိုစေ Steemit ကလည်း အချစ်ဦး ဖြစ်ခဲ့ဖူးသည်ကိုး။

https://actifit.io/settings
(ဒီကနေ keys တွေ ဖြည့်ပြီး save ထားလို့ရ)

How to (Actifit post) post at Steemit and Blurt | Ecency