Google Dialer

Words
126
Reading
1 min
9y
Listen to this post
~1 min

image

(Google Dialer (version 17.0.xxxx)

Google Dialer app လေးနှင့် မိတ်ဆက်ပေးချင်ပါတယ်။ ယခင် version များမှာတော့ သိပ်မထူးခြားပေမယ့် ယခု version မှာတော့ Bubble Style လေး ပါလာပါပြီ။ ဘာထူးခြားသွားလို့လဲ ဆိုရင်တော့ ကျတော် တင်ထားပေးတဲ့ video လေးကို ကြည့်ကြည့်ပါ။ Google Pixel phone နှင့် Pure Android ကို အခြေခံထားတဲ့ phone တွေမှာတော့ ယခု app လေးက built in ပါပြီးသားပါ။ ထို့ပြင် AOSP ကို အခြေခံထားတဲ့ custom firmware တင်ထားတဲ့ phone တွေမှာလည်း ပါလာပြီးသား ဖြစ်ပါမယ်။

ဒါဆို တခြား phone တွေမှာကော သုံးမရဘူးလားဆိုရင် ရပါတယ်။ လွယ်လွယ်လေးပါ။ Google Dialer ဆိုပြီး Play Store မှာ ရိုက်ပြီး ရှာလိုက်ပါ။ တွေ့ရင် Download ဆွဲပြီး install လုပ်ပါ။ ပြီးလျှင် မိမိ phone ရဲ့ setting ကို သွားပါ။ ထို့နောက်မှာ app, ထို့နောက် default app မှာ အစောက မိမိ down လိုက်တဲ့ dialer app ကို ရွေးပေးလိုက်ရုံပါပဲ။ တချို့ phone တွေမှာတော့ အသုံးပြုလို့ ရမှာ မဟုတ်ပါဘူး။ နောက်ထပ် သတိပြုရမှာတော့ Android version (6.0) နှင့် အထက် phone တွေမှာ ပဲ ယခု app ကို အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်။

image

image

image

ကဲ အားလုံးပဲ အဆင်ပြေကြပါစေ …..

Don Jaun

MSC 31

Google Dialer | Ecency