Football (Final Chapter)

Words
177
Reading
1 min
3y
Listen to this post
~1 min

တဖြည်းဖြည်း အိမ်တော်တော်များများမှာ စလောင်းတွေ ဘာတွေ တပ်ဆင်လာနိုင်ကြ၏။ Skynet ခေတ်ပေါ့။ ကိုယ်တွေတော့ မတပ်နိုင်သေးပေ။ လက်ဖက်ရည်ဆိုင် သွားကြည့်လိုက်၊ ဘီယာဆိုင် သွားကြည့်လိုက်နဲ့သာ။ အဲ့လို သွားကြည့်ရတာကကို ပိုပြီး အရသာရှိ၊ ပျော်ရသလိုပင်။ လူအများကြီး သူငယ်ချင်းတွေ တရုန်းရုန်းနဲ့ကိုး။ Wifi, Internet တွေ တွင်ကျယ်လာတော့ ကိုယ်စီ အိမ်မှာ၊ ကိုယ့် နေရာမှာပဲ ကြည့်ကြတော့၏။ အရင်လို ဘော်ဒါတွေ ဟေးလေး ဝါးလေးနဲ့ တရုန်းရုန်း မလုပ်ဖြစ်တော့ပေ။

ငဗစ်တွေလည်း ဖြစ်လာရော ပိုလို့ပင် ဆိုးသွားရော။ Internet တွင်ကျယ်လာပြီ ဖြစ်သဖြင့် စလောင်းတွေ နေရာမှာ Android box တွေ Android TV တွေ နေရာ ယူလာကြတော့၏။ Internet line ကောင်းရင် စလောင်းတွေ ဘာတွေ မလိုတော့ပေ။ Skynet က လစဥ်ကြေးတွေ ဘာတွေ ပေးနေရသည် မလား။ ဒါတောင် psi စက်တွေနဲ့ Skynet က ရုပ်သံလိုင်းတွေ အားလုံးကို ကြည့်လို့ရသည့် အချိန်ကာလ တခုလည်း ရှိခဲ့သေး၏။ Skynet က ပိတ်မချခင်ထိပေါ့လေ။

Internet လည်းသုံးရ၊ ဘောလုံးပွဲလည်း ကြည့်ရ ဆိုတော့ စလောင်းတွေ ထက်၊ Internet, Wifi ဖက်ကို လူတွေ ပို မျက်စိကျလာခဲ့၏။ လစဥ်ကြေးကို နှစ်မျိုး နှစ်နေရာ အကုန် မခံတော့ဘဲ တမျိုး တနေရာ အတွက်ပဲ အကုန်ခံတော့ မှာပေါ့လေ။ Wifi အနည်းဆုံး 10 MB လောက်ဆိုရင်ကို ဘောလုံးပွဲ ကြည့်လို့ ရပြီ ဖြစ်၏။ မိမိယူထားသည့် Internet MB နဲ့ မိမိ ကြည့်သည့် ရုပ်သံလိုင်းပေါ် မူတည်ပြီး နည်းနည်း နောက်ကျတာမျိုးတော့ ရှိ၏။ စက္ကန့်ပိုင်း၊ မိနစ်ပိုင်း လောက်သာမို့ ကျနော့် အတွက်တော့ သိပ်ကိစ္စ မရှိပေ။

ကနဦးတုန်းကတော့ IPTV links ပေါင်းစုံ ကနေ လိုက်ရှာ လိုက်ကြည့်ရ၏။ ဒါပေမယ့် နောက်ပိုင်းမှာတော့ Kodi နဲ့ အဆင်ပြေသွား ခဲ့၏။ add on ထည့်ထားပြီး သာသာယာယာ ကြည့်ရုံပင်။ ဘာ လစဥ်ကြေးမှလည်း အပိုစာသား မကုန်တော့ပေ။ Kodi ကနေပဲ ဘောလုံးပွဲ ကြည့်ဖြစ်လာခဲ့တာ ၂ နှစ်ပင် ကျော်တော်မည်။ တခါတလေတော့ နွေဦးဗီဒီယိုကနေ ကြည့်၏။

ခုဆိုရင် movies, series, sports ရုပ်သံလိုင်း အစုံ ကြည့်လို့ ရသည့် app လေးတွေလည်း အတော်များများ ရှိလာခဲ့ပြီ ဖြစ်၏။ ကိုယ်ကြိုက်တာကို ကိုယ်ရွေးကြည့် လိုက်ရုံပင်။

Football (Final Chapter) | Ecency