FIFA World Cup 2026

Words
217
Reading
1 min
Listen
Play
4M

June လ ထဲမှာ FIFA World Cup ပြိုင်ပွဲကြီး စတင် ကျင်းပမည် ဖြစ်၏။ အိမ်ရှင် အဖြစ် American, Canada & Mexico သုံးနိုင်ငံ ပူးတွဲ အိမ်ရှင် ဖြစ်၏။ June 12 ရက်နေ့ကနေ July 20 ရက်နေ့အထိ ၁ လကျော်လောက် ကစားမည် ဖြစ်၏။ ဒီနှစ် ကမ္ဘာ့ဖလားကို ပုံစံသစ်ဖြင့် စတင် ကျင်းပမည် ဖြစ်၏။ ၄ သင်း ၁၂ အုပ်စု၊ အသင်းပေါင်း ၄၈ သင်းဖြင့် ယှဉ်ပြိုင်ကစား စေမည် ဖြစ်၏။ ယခင်က ၄ သင်း ၈ အုပ်စု ၃၂ သင်းဖြင့်သာ ကစားခဲ့ခြင်း ဖြစ်၏။ ခုက ၄၈ သင်းဆိုတော့ ၁၆ သင်း ထပ်တိုးလာသည်ဟု ပြောလို့ရ၏။

အသင်း အရေအတွက် တိုးလာသဖြင့် အုပ်စု ခွဲဝေမှုလည်း များလာခြင်း ဖြစ်၏။ ၃၂ သင်းတုန်းက ၁၆ သင်းဆင့်ကို အုပ်စုတခုစီက အဆင့် ၁၊ ၂ နှစ်သင်းသာ တက်ရောက်ခွင့် ရှိခဲ့ပေမဲ့ ခု ၄၈ သင်းမှာတော့ အကောင်းဆုံး အုပ်စု တတိယဆိုပြီး ပါဝင် လာခဲ့၏။ ၄၈ သင်း ၁၂ အုပ်စု ဆိုတော့ အုပ်စု ပ+ဒု နှစ်သင်း ၂၄ သင်း နောက်တဆင့် တက်မယ်၊ အကောင်းဆုံး တတိယ ၈ သင်းနဲ့ ပေါင်းလိုက်ရင် ၃၂ သင်း ရှုံးထွက်အဆင့် ထပ်မံ ကစားရမည် ဖြစ်၏။ ယခင် ပုံစံထက် တဆင့် ပို၍ ကစားရသည့် သဘော ဖြစ်၏။

ပုံစံသစ်ကို သဘောကျသူတွေလည်း ရှိသလို၊ မကြိုက်သူတွေလည်း ရှိ၏။ အသင်း အရေအတွက် တိုးလိုက်ခြင်းကြောင့် ကမ္ဘာ့ဖလား ဝင်ရောက်ယှဉ်ခွင့် နေရာ တိုးလာသဖြင့် အသင်းတွေအတွက် အခွင့်အရေး ပိုရလာတာ မှန်ပေမဲ့ ကျင်းပသည့် ပွဲရက် ပိုပြီး ရှည်ကြာ သွားတာလည်း ရှိ၏။ July လ မှာမှ ပြီးမှာ ဆိုတော့ August လမှာက လိဂ်ပြိုင်ပွဲတွေ ပြန်လာပြီ ဆိုတော့ ကစားသမားတွေ အတွက် အနားယူရချိန် နည်းသွားနိုင်၏။

အသင်း အရေအတွက် များလာပေမဲ့ ကစားသမား အရေအတွက်ကတော့ တိုးမလာပေ။ ကစားသမား တိုးပြီး ရွေးဖို့ကလည်း မလိုဘူးကိုး။ ဒီနေရာမှာလည်း ဂယက်လေးတွေ ရှိ၏။ မိမိ နိုင်ငံအသင်း အတွက် ကိုယ်စားပြု ယှဉ်ပြိုင်ခွင့် ရရေးက ကစားသမား အားလုံး၏ အိပ်မက် ဖြစ်၏။ အရွေးခံရရင် ဝမ်းမြောက် ဂုဏ်ယူရပြီး အရွေးချယ် မခံရရင် ဝမ်းနည်းကြရ၏။

နည်းပြတွေ အနေဖြင့်လည်း အင်မတန် ခေါင်းခဲ စရာပင်။ နိုင်ငံ တဝှမ်းက အကောင်းဆုံး ကစားသမားတွေထဲကနေ အကောင်းဆုံး အသင့်တော်ဆုံးကို ထပ်မံ ရွေးထုတ်ရသည် မဟုတ်လား။ လူအများ တွေးထင်ထားသည့် ရွေးချယ်မှုမျိုး မဟုတ်နေပြန်ရင်လည်း ဝေဖန်ခံရနိုင်သေး၏။ ဝေဖန်သံတွေကြား အောင်မြင်မှု ရယူပြနိုင်ဖို့ကလည်း လိုသေး၏။ ဘယ်အသင်း ဘယ်ကစားသမား ဘယ်နည်းပြက ဘယ်လောက်ထိ စွမ်းဆောင်ပြသွားမလဲကတော့ စောင့်ကြည့်ရပေလိမ့်မည်။

(photos from Premier League Page)

FIFA World Cup 2026 | Ecency