EPL Round 30 & EFL Round 37

Words
263
Reading
2 min
Listen
Play
6M

ဒီတပတ်မှာ EPL ပွဲစဉ်များ ကစားမည် ဖြစ်၏။ ဒီနေ့မှာ ၂ ပွဲ၊ နက်ဖြန် တနင်္ဂနွေနေ့မှာ ၇ ပွဲ၊ အင်္ဂါနေ့မှာ ၁ ပွဲ ကစားမည် ဖြစ်၏။ Burnley vs Bournemouth, Sunderland vs Brighton အစရှိသည့် ပွဲစဉ် ၂ ပွဲ ကစားကြမည် ဖြစ်၏။ အမှတ်ပေးဇယား ရပ်တည်မှု အရ Bournemouth က အဆင့် ၉ Burnley က အဆင့် ၁၉ မှာ ရပ်တည်နေ၏။ တန်းဆင်းဇုန် ရုန်းအားဟု ပြောလို့ရပေမဲ့ Burnley အနေဖြင့် တန်းဆင်းရဖို့တော့ များနေပြီ ဖြစ်၏။ မည်သို့ပင် ဆိုစေ အိမ်ကွင်းမို့ အားထုတ် ကစားသွားဖို့ ရှိနေ၏။ Bournemouth အသင်း၏ EPL မှာ ၉ ပွဲဆက်တိုက် မတွေ့သေးသည့် မှတ်တမ်းကိုလည်း သူတို့ ချေဖျက်ပြချင်ပေလိမ့်မည်။

အမှတ်ပေး ဇယား အလယ်အလတ် ၂ သင်း တွေ့ကြသည့် Sunderland vs Brighton ပွဲစဉ်မှာတော့ အိမ်ရှင် Sunderland တို့ အနေဖြင့် အခွင့်အရေးပိုရှိနေခဲ့၏။ ပထမကျော့ Brighton အိမ်ကွင်းမှာ ဂိုး မရှိ သရေကျထားခဲ့၏။ နောက်ပိုင်း ပွဲစဉ်တွေမှာ နိုင်တလှည့် ရှုံးတလှည့် ရလဒ်အားဖြင့် မတည်မငြိမ် ဖြစ်နေပေမဲ့ အိမ်ကွင်းမှာတော့ Brighton ကို အနိုင်ယူပြီး လက်ရှိ နေရာကို ထိန်းထားဖို့ ရှိနေ၏။ အဆင့် ၁၁ နှင့် ၁၄ ဆိုပေမဲ့ ၃ မှတ်သာ ကွာ၏။

EPL ပွဲတွေက ည ၉ နာရီခွဲမှ ကစားမှာ ဆိုတော့ အစောပိုင်း ပွဲစဉ်တွေ ဖြစ်သည့် EFL ပွဲတွေ ကြည့်လို့ရသေး၏။ EFL အဆင့် ၁ Coventry အသင်းက အဆင့် ၇ က Southampton နှင့် အိမ်ကွင်း၊ အဆင့် ၂ က Middlesbrough က အဆင့် ၁၂ က Bristol City နှင့် အိမ်ကွင်းမှာ ကစားသွားဖို့ ရှိနေ၏။ ပွဲစဉ် ၂ ပွဲလုံး ည ၇ နာရီမှာ ကစားသွားမည် ဖြစ်၏။

၃၇ ပွဲ ကစားပြီးချိန်မှာ Coventry က ၇၇ မှတ်၊ Middlesbrough က ၆၉ မှတ် ရရှိထား၏။ အဆင့် ၁ နဲ့ ၂ ကြား ၈ မှတ် ကွာနေသည့် အနေအထား ဖြစ်၏။ အဆင့် ၃ က Millwall က ၆၈ မှတ် ဖြစ်၏။ EFL မှာက ၂၄ သင်းဆိုတော့ ၄၆ ပွဲ ကစားရမည် ဖြစ်၏။ ရာသီသိမ်းဖို့ ၉ ပွဲသာ ကျန်တော့၏။ အဆင့် ၁ နှင့် ၂ က EPL ကို တိုက်ရိုက် တန်းတက်ခွင့်ရမှာ ဖြစ်ပြီး အဆင့် ၃၊၄၊၅၊၆ အသင်းတွေကတော့ play off ကစားရမည် ဖြစ်၏။

၈ မှတ်ကွာ အနေအထားဆိုပေမဲ့ Middlesbrough အနေဖြင့် ချန်ပီယံ မျှော်လင့်ချက် မရှိတော့တာမျိုးတော့ မဟုတ်ပေ။ လက်ကျန်ပွဲစဉ်တွေမှာ Coventry အသင်း ခြေချော်ပါက သူတို့မှာ အခွင့်အရေးရှိနိုင်သည် မဟုတ်လား။ Coventry က ခြေမချော်ဘဲ ကိုယ်က ချော်သွားရင် အဆင့် ၃၊ ၄ အသင်းတွေက မိမိ နေရာကို ယူသွားနိုင်သေး၏။ ထို့ကြောင့် သူများ ခြေချော်တာက နောက်မှ ကိုယ် မချော်အောင် ဂရုစိုက်ရင်း EPL တိုက်ရိုက်တန်းတက်ခွင့် နေရာလေးကို အရယူထားနိုင်ဖို့ လိုမည် ဖြစ်၏။

(photos from Premier League & EFL pages)

EPL Round 30 & EFL Round 37 | Ecency