Dream League

Words
286
Reading
2 min
Listen
Play
7y

FB_IMG_1527335451652.jpg

Dream League! File size သိပ်မကြီးဘဲ ဆော့လို့ ကောင်းသည့် ဂိမ်း။ တချို့ကတော့ Real life နှင့် မတူလို့ မကြိုက်ကြပေ။ တချို့ကတော့ ကြိုက်ကြ၏။ အမှန်တော့ သူ့နာမည်ကကို Dream League မဟုတ်လား။ အိပ်မက် လိဂ် ဆိုမှာတော့ အိပ်မက် ဆန်ဆန်ပဲလေ။ ပေါ့ပေါ့ ပါးပါးနှင့် ဆော့လို့ကောင်းသည့် ဘောလုံးဂိမ်း တမျိုး ဖြစ်၏။ အဆိုပါ Dream League Game ကို 2016 version ကတည်းက စဆော့ဖူး၏။ တနှစ်ပြီး တနှစ် သူ့ ဂိမ်းက အဆင့်မြင့်လာပြီး ရုပ်ထွက်ပိုင်းကလည်း ပိုမိုပြီး ပီပြင်လာ၏။

အခြား ဂိမ်းကြီးများလောက် Graphic ပိုင်း မလန်းပေမယ့် သူ့အိုးနှင့် သူ့ဆန်ကတော့ အနေတော်ပင်။ ထို Dream League ဂိမ်းမှာလည်း သူ့ ဂိမ်းအတိုင်း (original) နှင့် money mod ထားသည့် version ဆိုပြီး (၂) မျိုး ရှိ၏။ မိမိ အဆင်ပြေသလို ရှာဖွေပြီး ဆော့ကစားလို့ ရ၏။ ကျနော်ကတော့ mod version ကို ပိုကြိုက်၏။ ဟုတ်သည်ရှိ မဟုတ်သည်ရှိ လက်ထဲ ပိုက်ဆံ ရှိတော့ ကစားသမား ၀ယ်ဖို့ပဲ ဖြစ်ဖြစ်၊ အခြား update လုပ်စရာ ကိစ္စများ အတွက် အဆင်ပြေသည် မဟုတ်လား။

ကနဦး စဆော့သူ အဖို့ Division 3 ကနေ စဆော့ရမည် ဖြစ်၏။ Dream Team ဆိုသည့်အတိုင်း အသင်းကို မိမိ ကြိုက်သည့် နာမည်ပေးလို့ ရ၏။ အသင်း logo, Kit, No များကိုလည်း မိမိ စိတ်ကြိုက် ပြောင်းလို့ရ၏။ အပြင်က အသင်များ၏ kit, Logo များလည်း download ဆွဲပြီး ပြောင်းယူလို့ရ၏။ (ကျနော်ကတော့ ကိုယ်ပိုင် အသင်း logo, ကိုယ်ပိုင် kit နှင့် ဆော့ ကစား၏) Division တခုချင်းစီတိုင်းမှာ အသင်းပေါင်း (၁၅) သင်း ရှိ၏။ ထို့ကြောင့် Division တခုမှာ ပွဲပေါင်း (၁၄) ပွဲ ကစားရမည် ဖြစ်၏။ ရာသီကုန်မှာ ဇယားထိပ်ပိုင်း၌ ရပ်တည်နိုင်ပါက နောက် Division သို့ တန်းတက်ခွင့် ရမည် ဖြစ်၏။ သူ့မှာ အိမ်ကွင်း၊ အဝေးကွင်း စနစ် မရှိပေ။

FB_IMG_1558768418160.jpg

Division 3, 2, 1 ပြီးလျှင် Elite Division အဆင့်သို့ ရောက်မည် ဖြစ်၏။ Elite Division ကတော့ နောက်ဆုံး အဆင့် ဖြစ်၏။ ထိုအဆင့်မှာတော့ အသင်းကြီးများနှင့်သာ ယှဉ်ပြိုင်ရမည် ဖြစ်၏။ level အဆင့်မြင့်လာတိုင်း ပို အဆင့်မြင့်သည့် အသင်းများနှင့် ယှဉ်ပြိုင်ရသလိုပေါ့။ level အမြင့်သို့ ရောက်လာတိုင်း ယှဉ်ပြိုင် ကစားရလည်း ခက်ခက် လာ၏။ နောက်တချက်က သူ့မှာ online နှင့် ချိတ်ဆက်ပြီး အခြားသူများနှင့် ကန်လို့ ရလာခြင်း ဖြစ်၏။ Global အနေနှင့်ပေါ့။ ထို့ပြင် နောက်တချက်က phone တလုံးက wifi (hotspot) ထောင်ထားပြီး သူငယ်ချင်း (၂) ယောက် ချိတ်ဆက်ပြီး ဆော့ကစားလို့ ရခြင်း ဖြစ်၏။ local အနေနှင့်ပေါ့။

ထိုအချက်လေးကိုတော့ တော်တော်လေး သဘောကျ၏။ File size မကြီးဘဲ ဆော့လို့ကောင်းသည့် ဂိမ်းကို ပြပါဆိုလျှင်တော့ Dream League ကို ပြရမည် ဖြစ်၏။ League ကျင်းပ ယှဉ်ပြိုင်ရပုံက အပြင်နှင့် မတူပေမယ့်လည်း ကစားသမားတွေကတော့ အပြင်မှာ ရှိသည့် ကစားသမားတွေ နှင့် အတူတူပင် ဖြစ်၏။ နောက်တချက်က မိမိ ကိုယ်ကို ကစားသမား ဖန်တီးလို့ ရလာခြင်း ဖြစ်၏။ ယခု version မှာတော့ Create Player မှာ မြန်မာ ကိုယ်စားပြု ကစားသမား ဖန်တီးလို့ ရလာပြီ ဖြစ်၏။ ဘာပဲ ဖြစ်ဖြစ် ပျော်ဖို့ ကောင်းတာတော့ အမှန်ပင် ဖြစ်၏။ အပျင်းပြေ၊ အပျော်ပဲ ဖြစ်ဖြစ် ဆော့ကစားကြည့်ပါလို့။

Don Jaun

MSC 31

Dream League | Ecency