..... ..... ..... ..... .....
ငါဟာ ရွေးချယ်ခွင့်ဆိုတဲ့ လမ်းဆုံကို ကျော်လာပြီလား ...
ဒါမှ မဟုတ် မရောက်သေးတာလား ..
ဘ၀ တစ်ဆစ်ချိုးက ကြမ်းတယ် ....
အိပ်မက်တွေ အဆိပ်ခတ်ခံရတယ် ...
မျှော်လင့်ချက်တွေ ကျိုးပျက် ..
ခံစားချက်တွေက ဖိတ်တစ်ဝက် စင်တစ်ဝက် ..
တခုတ်တရ နဲ့ မွေးမြူထားလို့ မကောင်းတဲ့ထဲမှာ
ချစ်ခြင်းတွေလဲပါတယ်
အခန့်မသင့်ရင် သူတို့ က သခင်ကို ပြန်ကိုက်တတ်တယ်
အဲ့ဒီ ဒဏ်ရာက သေရာပါပဲ
ိ
တိုက်တိုက်ဆိုင်ဆိုင် သတိရတာပဲလား ..
သတိရမှုတွေကပဲ တိုက်ဆိုင်သွားတာလား ...
ငါကိုယ်တိုင် မသဲမကွဲပဲ ....
သဲသဲမဲမဲ ချစ်ခဲ့လို့ ...
ခု .. မရဲတရဲ ဖြစ်နေရတယ်
အချစ်ကို ကိုးကွယ်ခဲ့တဲ့သူတွေကို ငါလေးစားသွားပြီ
သမိုင်းထဲက အချစ်သူရဲကောင်းတွေကို ငါဦးညွှတ်မိတယ်
ပြီး ပယ်ပယ် နယ်နယ် ဆဲမိတယ်
" မိုက်လိုက်လေကွာ "
ဘ၀နဲ့ အချစ် ...
အချစ်နဲ့ ဘ၀ ...
ဘာကို ရွေးချယ်ကြမလဲ ?
ငါသာ လမ်းဆုံကို မကျော်သေးဘူးဆိုရင်
ရှေ့ဆက်ရမဲ့ ခရီးမှာ အဲ့ဒါကြီးကို ထားခဲ့မယ်
ဒါမှ မဟုတ် ...
ယဉ်ပါးသွားရင်တော့
ကြိုးစား မွေးမြူကြည့်ဦးမယ်
လူတွေ ပြောပြောနေသလို
သူဟာ ဘ၀မှာ တကယ်အရေးပါရဲ့လားဆိုတာ
ငါသိချင်သေးတယ်
အခွင့် ရှိခဲ့ရင်ပေါ့။
ကျတော်၏ ကဗျာ ကလောင် အမည်မှာ သိဟ် (သုတ) ဖြစ်၏။
photo from ZEDGE
MSC 31