Come on United

Words
210
Reading
1 min
Listen
Play
1y

နက်ဖြန် မြန်မာစံတော်ချိန် မနက် 1 နာရီခွဲ တွင် Europa League Final ပွဲစဉ်ကို Spain နိုင်ငံ Bilbao အသင်း၏ San Mamés Barria ကွင်းကြီးမှာ ကစားသွားမည် ဖြစ်၏။ All English Final ဖြစ်၏။ Tottenham vs Man United တို့ ယှဉ်ပြိုင် ကစား သွားကြမည် ဖြစ်၏။ ဗိုလ်လုပွဲ ရောက်လို့သာ ရောက်လာကြတာ နှစ်သင်းလုံးက EPL မှာ အဆင့် 16 နဲ့ 17 မှာ ရပ်တည်နေတဲ့ အသင်းတွေ ဖြစ်၏။ အနိုင်ရ ဗိုလ်စွဲသည့် အသင်းက လာမည့် ရာသီမှာ Champion League ဝင်ရောက် ကစားခွင့်ရမည် ဖြစ်၏။

ထို့ကြောင့်လည်း အချို့သော ဝေဖန် သုံးသပ်သူများက အဆိုပါ အချက်နဲ့ ပတ်သက်ပြီး ပြောဆိုနေကြခြင်း ဖြစ်၏။ အမှတ်ပေး ဇယား အောက်ခြေက အသင်းတွေ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ပေါ့။ မည်သို့ပင် ဆိုစေကာမူ စည်းမျဉ်းက စည်းမျဉ်းပဲ မလား။ Tottenham နဲ့ United ဗိုလ်လုပွဲတက်ရောက်သည့် ဒီနှစ်ကြမှ ပြောစရာတွေ များနေခဲ့၏။

ဒီရာသီ အခြေအနေ မလှနေသည့် ဒီနှစ်သင်း အတွက် ယခု ဖလားက အရေးပါလှ၏။ ဘယ်အသင်း ဗိုလ်စွဲမည်ကတော့ ပြောရခက်၏။ United fan မို့ United ကို ဗိုလ်စွဲစေချင်တာကတော့ ပြောပြနေဖို့ လိုမည် မထင်ပေ။ နို့ပေမယ့် Tottenham ကိုလည်း ဗိုလ်စွဲ စေချင်မိ၏။ အဓိကက Tottenham အသင်းကို မဟုတ် အသင်း၏ အသင်းခေါင်းဆောင် ကိုယ်တွေ၏ အာရှ ဂုဏ်ဆောင် Son အတွက် ဖြစ်၏။

အသင်းဖော်ဟောင်း Kane တောင် ဒီရာသီမှာ Bayern Munchen နဲ့ Bundesliga ချန်ပီယံဆုကြီးကို ကိုင်မြှောက်ထားနိုင်ခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် Sonny ကိုလည်း ဆုဖလား အောင်မြင်မှု ‌ရစေချင်မိ၏။ Sonny ခမြာလည်း ဒီနှစ် ဒီဗိုလ်လုပွဲမှာမှ United နဲ့ လာတွေ့ နေရတယ်လို့။ United fan နှင့် Sonny ကို အားပေးသူ ကျနော့်အဖို့ အတော်လေး ဂွကျသည့် အခြေအနေပင်။

United အဖို့ကလည်း ဒီရာသီမှာ ဒီဖလား တလုံးပဲ မျှော်လင့်ဖို့ ကျန်သည် မလား။ ရလဒ်တွေ ဆိုးရွားလှသည့် ဒီနှစ်ထဲမှာ ဒီဖလားက အသင်း အတွက်ကော၊ အသင်းကို အားပေးသူတွေ အတွက်ကော နှစ်သိမ့်စရာ တခု ဖြစ်လေ၏။ ဒီဖလား ရမှလည်း လာမည့်ရာသီ Champion League ကစားခွင့် ရမည် မဟုတ်လား။ EPL မှာ အခြေအနေဆိုးနေပေမယ့် Europa League မှာတော့ ပုံစံကောင်းတွေ ပြထားနိုင်သောကြောင့် ဗိုလ်စွဲ မယ်လို့ ယုံကြည် မျှော်လင့်နေမိ၏။

Sonny ကို အားနာပေမယ့်လည်း United ဗိုလ်စွဲနိုင်ဖို့ အတွက် ဆုတောင်း‌အားပေးနေမည် ဖြစ်၏။

(photos from UEFA Europa League page)

Come on United | Ecency