This content got low rating by people.

ကဗျာမဟုတ်သော ကဗျာ

Words
38
Reading
1 min
Listen
Play
5y

ချစ်တာ‌‌ တွေ မေတ္တာ တွေ အသာထား
အဆင်မပြေပါဘူးပြောဖို့တောင် ခက်ခဲရတဲ့နေ့စွဲတွေပါပဲ

ကိုယ့်အနီးနာတစ်ယောက်မှမရှိတာကို
ဘယ်သူ့ကိုရင်ဖွင့်ရမလဲလို့ ခပ်ဝေးဝေးကိုငေးရင်း စဥ်းစားမိတော့လည်း သက်ပျင်းတွေသာ အခါခါချရင်လေးရတယ်ကွယ်

သတိတရ ဂရုစိုက်မှုတွေဆိုတာ မသက်ဆိုင်တဲ့အရာမို့
အမှတ်တမဲ့ရတဲ့ နွေးထွေးမှုရေးရေးလေးကစ ခုံမင်နေတတ်တာကိုလည်း မငြင်းလိုပါဘူး

ဘယ်သူ တစ်ဦးတစ်ယောက် ဘဝမှာမှ
ဖြတ်လျောက် အနေအထားထက်မပိုခဲ့တဲ့ ငါ့ကိုငါလည်းသိမ်ငယ်မိသား

ဥပေက္ခာတွေကြား နေသားကျနေပါပြီဆိုတဲ့
ငါ့ရဲ့မုသားစကားကိုတော့ သံသယများတဲ့လူသားတွေက အကြွင်းမဲ့ယုံကြသတဲ့

ငါ့ကဗျာတွေက ဇာတ်သိမ်းမလှဘူး
နာမည်ကသာ ကဗျာ
ဒါပေမဲ့ ကဗျာမဟုတ်တဲ့ ကဗျာပါ

ကဗျာမဟုတ်သော ကဗျာ | Ecency