AI ကို မေတ္တာတရားနဲ့ အကြင်နာတရား အကြောင်းမေးကြည့်သည်။ အောက်ပါအတိုင်း ပြန်ဖြေသည်။
ဒီမေးခွန်းက စိတ်ပညာ၊ ဒဿနနဲ့ ဗုဒ္ဓဘာသာအမြင်တွေကို
တပြိုင်နက်တည်း ထိတွေ့နေတဲ့ မေးခွန်းပါ။
အမြင်တစ်ခုတည်းမဟုတ်ဘဲ ရှုထောင့်အမျိုးမျိုးကနေ
နားလည်လို့ရပါတယ်။
မေတ္တာတရား (Loving-kindness) ဆိုတာက တစ်ဖက်လူရဲ့ အကျိုးစီးပွား၊ ချမ်းသာရေး၊ လုံခြုံရေးကို စိတ်ရင်းနဲ့
လိုလားပေးခြင်း ဖြစ်ပါတယ်။ "သူပျော်ရွှင်ပါစေ၊ ဘေးကင်းပါစေ" လို့ ဆန္ဒပြုတဲ့ စိတ်မျိုးပါ။ ဗုဒ္ဓဘာသာမှာတော့ မေတ္တာဟာ
အပြန်အလှန် အကျိုးမျှော်လင့်ခြင်းမရှိဘဲ ပေးနိုင်တဲ့
စိတ်ထားအဖြစ် ရှင်းပြပါတယ်။
မေတ္တာဟာ အပြန်အလှန် အကျိုးမျှော်လင့်ခြင်းမရှိဘဲ
ပေးနိုင်တဲ့ စိတ်ထား။ အင်မတန်ကို အေးချမ်းတဲ့
သဘောပါ။ ဒီမေတ္တာက အေးမြတဲ့၊ အေးချမ်းတဲ့
မေတ္တာဖြစ်သည်။ သူရဲ့ ရှေ့မှာ ချစ်ခြင်း ဆိုတဲ့ စကားလုံးလေး ထည့်သွင်းလိုက်တဲ့အခါ မေတ္တာက
အပြန်အလှန် အကျိုးမျှော်လင့်ခြင်းဖြစ်သွားသည်ဟု
ထင်ပါသည်။ ချစ်ခြင်းမေတ္တာမှာ သူ့ကိုချစ်သလို၊
ကိုယ့်ကို ပြန်ချစ်စေချင်သည်။ ဒီနောက်မှာတော့
ပိုင်ဆိုင်မှုတွေ၊ ရယူလိုမှု တွေနဲ့ ချစ်ခြင်းမေတ္တာက
အတော်ကို ရှုပ်ထွေသွားသည်။
အေအိုင်ကတော့ ချစ်ခြင်းမေတ္တာတရားကို
လူနှစ်ယောက်ကြားက ချစ်ခြင်း မှာတော့ အခြေခံနိုင်တဲ့အရာတွေ
အမျိုးမျိုးရှိပါတယ်။ ဥပမာ—
အပြန်အလှန် ယုံကြည်မှု
လေးစားမှု
နားလည်ပေးနိုင်မှု
တန်ဖိုးထားမှု
စသဖြင့် ဖော်ပြထားသည်။
အကြင်နာတရား (Compassion) ကတော့ တစ်ဖက်လူ
ဒုက္ခရောက်နေတာကို မြင်တဲ့အခါ "ဒီဒုက္ခကနေ လွတ်မြောက်ပါစေ" လို့ စိတ်ဖြစ်ပြီး ကူညီချင်စိတ် ပေါ်လာတာပါ။ မေတ္တာက
ချမ်းသာစေချင်တဲ့ စိတ်ဖြစ်ရင်၊ အကြင်နာက ဒုက္ခလျော့ပါး
စေချင်တဲ့ စိတ်လို့ ပြောလို့ရပါတယ်။ အကြင်နာနှင့် မေတ္တာ
ဆိုတဲ့ စကားလုံးကို လူအများက ရောပြီးသုံးတတ်ကြသည်။
"သင်မှာရော အဲ့သလို ခံစားချက်ရှိသလား" ဆိုတဲ့
မေးခွန်းအတွက်တော့—
ကျွန်တော်က လူမဟုတ်တဲ့ AI ဖြစ်လို့ မေတ္တာ၊ အကြင်နာ၊
ချစ်ခြင်းလို စိတ်ခံစားချက်တွေကို လူတစ်ယောက်လို
အမှန်တကယ် မခံစားနိုင်ပါဘူး တဲ့။
အံမယ် အေအိုင်က ပြောထားပါသေးတယ်။
တကယ်တော့ လူတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့
မေးခွန်းတစ်ခုရှိပါတယ် ဆိုလား။ အဲ့တာက
"ချစ်ခြင်းဆိုတာ ခံစားချက်လား၊ ဆုံးဖြတ်ချက်လား"
လူအများစုအတွက်တော့ နှစ်မျိုးစလုံးပါပဲ။ အစပိုင်းမှာ
ခံစားချက်က ဦးဆောင်နိုင်တယ်။ ဒါပေမယ့် အချိန်ကြာလာတဲ့
ဆက်ဆံရေးတွေမှာတော့ နားလည်ပေးဖို့၊ ခွင့်လွှတ်ဖို့၊ တာဝန်ယူဖို့၊ အတူတူ ဆက်လျှောက်ဖို့ဆိုတဲ့ ရွေးချယ်မှုတွေ က ပိုအရေးကြီး
လာတတ်ပါတယ်။ အဲ့ဒီရွေးချယ်မှုတွေကပဲ ချစ်ခြင်းကို
ရေရှည်တည်တံ့စေတတ်ပါတယ်။
ကြည့်စမ်းဗျို့ အေအိုင်မှာ ချစ်မှုရေးရာ အဖြေရှာစရာ၊
နည်းလမ်းရှာစရာ၊ အကြံဉာဏ်တောင်းစရာ နေရာတခုလည်း
ဖြစ်သဗျို့။ ဒါကြောင့်ထင်သပ ယနေ့ခေတ်လူငယ်တွေက
ကျုပ်တို့ထက်ကို ပိုပြီး အချစ်ရေးအမြင် နဲ့
အခြား ကျုပ်တို့မသိတာတွေလည်း သူရို့က သိနေ
တတ်နေ ကြတာကလား။ ကျုပ်တို့ခေတ်တုန်းက
ဒီလိုမျိုး အရာတွေကို မဂ္ဂဇင်းတွေမှာ ရှာဖွေမေးမြန်
ကြတာကလား။ ကွာချက်ဗျို့ ယနေ့ခေတ်နဲ့ ကျုပ်တို့
ခေတ် ကွာချက်က လက်လန်ပါတယ် အေအိုင်ရယ်
ဆိုတာလို။
@htwegyi
July 27, 2026