ခေါင်းစဉ်မဲ့ကဗျာ - ၁၅

Words
33
Reading
1 min
3M
Listen to this post
~1 min

အနှစ် ၂၀ ကြာခဲ့ပြီးနောက်
အရာအားလုံးပြောင်းလဲသွားခဲ့ပြီ
တချို့က သားတွေ သမီးတွေနဲ့ ကိုယ်ပိုင်မိသားစုဘဝလေးမှာ
အတည်တကျ ရှိနေကြပြီ။
တချို့က ဆရာဝန်
တချို့က စစ်ဗိုလ်
တချို့က စီးပွားရေးသမားတွေ ဖြစ်နေကြပြီ။
တချို့ကတော့ ဒီလောကကြီးကို နှုတ်ဆတ်ထွက်ခွာသွားပြီ။
ဒါပေမဲ့ သစ္စာတရားကြီးမားပြီး
ဘယ်တော့မှ ပြောင်းလဲမသွားတဲ့
အမှန်တရားနှစ်ခုတော့ရှိတယ်
အဲ့တာ ကျွန်တော်နှင့် ကျွန်တော်ငယ်ငယ်ကတက်ခဲ့တဲ့
စာသင်ကျောင်းက မုန့်စျေးတန်းကလေးပါပဲ...။

IMG_20260627_101235.jpg

ကိုကိုမိုးဟိန်း
#KoKoMoeHein
myanmarkoko@myanmarkoko

ခေါင်းစဉ်မဲ့ကဗျာ - ၁၅ | Ecency