NFTs လမ်းညွှန်

Words
136
Reading
1 min
Listen
Play
4y

အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ...

ရေးပါရစေအုံး NFTs အကြောင်းလေးတွေကို သိလို့လားဆိုရင်တော့ ဘာမှန်းမသိသေးဘူး... သူများတွေလုပ်ခိုင်းလို့ လိုက်လုပ်ကြည့်နေတဲ့အဆင့်ပေါ့... ကျွန်တော်လိုပဲ သူများတွေနဲ့အတူ လုပ်ချင်တဲ့သူတွေအတွက် လမ်းညွှန်ချက််တစ်ခုအဖြစ် ရေးလိုက်တာပဲဖြစ်ပါတယ်... လမ်းညွှန်တာနော်... လမ်းပြပေးတာမဟုတ်ဘူး 😁


as_u_like.png


လမ်းပြပေးဖို့ဆိုတာက သေသေချာချာသိမှဖြစ်မှာဆိုတော့ကာ လမ်းညွှန်ပေးရုံပဲ တတ်နိုင်ပါတယ်... NFTs လောကထဲမှာ WL လို့ပြောကြတဲ့ White List စာရင်းဝင်အောင်ကြိုးစားရင်ပဲ တစ်လကို သိန်းဂဏန်းလောက်ကို အလွယ်တကူရနိုင်မယ်လို့ ဆိုတော့လည်း စိတ်ဝင်စားမိတာ မဆန်းပေဘူးလေ... ရတဲ့ White List ကိုရောင်းစားတာပဲဖြစ်ဖြစ် Token ပေးတာပဲဖြစ်ဖြစ် တန်တယ်လို့ ဆိုကြတာပဲ...

ဟုတ်တယ် မဟုတ်ဘူး ငြင်းနိုင်တဲ့ အတွေ့အကြုံ ကိုယ့်မှာမရှိသေးတော့ စမ်းသပ်လုပ်ကိုင်ကြည့်နေပါတယ်... ဘာတွေကိုလုပ်ရသလဲဆိုရင်တော့ ဘာမှမလုပ်ရပဲ Discord Channel ကို Invite Link ကနေ Join ပြီးတော့ Verify လုပ်ပြီး Chat Group ထဲ ပေါက်တတ်ကရ ပြောပြီး အချိန်ပေးပြီး နေလိုက်ရုံပဲ...

အချိန်ပေးတယ်လို့ဆိုတဲ့နေရာမှာ တောက်လျောက်စာထိုင်ရိုက်နေနိုင်ရင်တော့ Level မြန်မြန်တက်လို့ White List ရတယ်လို့ဆိုပါတယ်... Invite လုပ်ပေးရတာတွေတော့ရှိသဗျ... သတ်မှတ် Level ရောက်ရင် လူဘယ်နှစ်ယောက် invite လုပ်ပြီးတာနဲ့ White List ရသွားပါပြီတဲ့...

ကျွန်တော်တို့ မြန်မာအများစုကတော့ ရလာတဲ့ White List ကို အများအားဖြင့်တော့ ဈေးအမျိုးမျိုးနဲ့ ရောင်းစားကြတယ်လို့ထင်ပါတယ်... Project ကောင်းရင်ကောင်းသလောက် White List ဈေးကလည်း အတော်ရတယ်လို့ဆိုပါတယ်... နည်းနည်းပဲရတဲ့ Project တွေရှိသလို များများရတာတွေလည်း ရှိပါသတဲ့...

မည်သို့ပင်ဆိုစေကာမူ တစ်လကို WL 5 ခုလောက်ရရင်ကိုပဲ ငွေသိန်းဆယ်ချီ ရာချီရ ကြပါသတဲ့... ဟုတ်မဟုတ်ကတော့ အခု Project တစ်ခုမှာ လက်တွေ့ ဝင်စမ်းကြည့်နေပါတယ်လို့ပဲပြောနိုင်ပြီး ဒီထက်ဘာမှ ပိုပြီးမပြောနိုင်သေးတာကြောင့် ဆက်လက်ပြီးတော့ ကြိုးစားလိုက်ပါအုံးမယ်... NFTs လောကကို စိတ်ဝင်စားသူများအနေနဲ့က လုပ်သင့်တယ်ဆိုတာလောက်ပဲ အကြံပြုလိုက်ရပါကြောင်း ချစ်မိတ်ဆွေအပေါင်းတို့...

အားလုံးကို လေးစားလျှက် -


ansoe@ansoe


NFTs လမ်းညွှန် | Ecency