တိတ်ဆိတ်သွားတဲ့ တိတ်တခိုးအလွမ်း

တတိတ်တခိုးနဲ
အလွမ်းတေးတွေ
တိတ်တဆိတ်နဲ့
ညဉ်းတွားနေလေရဲ့

ဖွင့်ဟခွင့်မရှိတဲ့
ချစ်ခြင်းတွေကြားမှာ
တိတ်တဆိတ်နေလိုက်ခြင်းသာ
အကောင်းဆုံးသော
သက်သေမို့
တိတ်ဆိတ်ရင်းနဲ့
ငါရပ်နေလိုက်တော့မယ်. . . .

ငါ့အလွမ်းတွေ နင်မသိနိုင်
ငါ့ဝမ်းနည်း မှတ်တမ်းတွေလည်း
နင်မဖတ်နိုင်တဲ့
တစ်နေရာစီမို့
ကျိတ်ဆွေးလို့သာ
နေလိုက်တော့မယ်. . .

ငါ့အချစ်တွေ ဖွဲ့နွဲ့ခွင့်မရှိပြီမို့
ငါ့အချစ်တွေ နင်မမြင်ရတဲ့ နေရာလေးမှာ
ဘယ်သူ့မှ မသိအောင်
ငါ သော့ခတ်လို့ သိမ်းထားလိုက်ပြီ. . .

တွေဝေစွာရပ်နေခဲ့မိလိုက်တဲ့
ငါ့ရဲ့ တွန့်ဆုတ်ခဲ့တဲ့ အချိန်တွေအတွက်လည်း
ငါ နောင်တမရတော့ဘူး. . .
နောင်တမဲ့ အလွမ်းခါးခါးလေးတွေကို
မနက်တိုင်း သောက်နေကြ
ကော်ဖီနဲ့ထည့်ရောမွှေလို့
သောက်ပစ်လိုက်တော့မယ်
အဝေးက ငါ့ရဲ့ချစ်သူ. . .

Author- pannthiri
photo model - Lovely Friend
image

H2
H3
H4
3 columns
2 columns
1 column
Join the conversation now