We're on the Way

Words
209
Reading
1 min
Listen
Play
3y

မြန်မာစံတော်ချိန် မနက် ၂ နာရီ ၁၅ မိနစ်မှာ FA Cup Round 5 ပွဲစဉ် အဖြစ် နော်တင်ဟန်ဖောရက်စ်နှင့် မန်ချက်စတာယူနိုက်တက်တို့ ယှဉ်ပြိုင်ကစား၏။ ယူနိုက်တက်က (၀-၁) ဂိုး ဖြင့် အနိုင်ရသွားခဲ့၏။ ယူနိုက်တက် အတွက် တလုံးထဲသော အနိုင်ဂိုးကို ကက်စမဲရိုးက ၈၉ မိနစ်မှာ ‌ပြစ်ဒဏ်ဘောကနေတဆင့် ခေါင်းတိုက်သွင်းယူ သွားပေးခဲ့၏။ ကနဦးကတော့ အဆိုပါ ပွဲကို ကြည့်ဦးမို့ရယ်။ နို့ပေမယ့် ကြည့်နေရင်း ၁၀ မိနစ်လောက် နေတော့ အိပ်ချင် လာတာနဲ့ အိပ်လိုက်ရော။

မနက် ၁ နာရီလောက်ဆိုရင်ကို စောင့်ကြည့်ဦးမလို့၊ ခုက ၂ နာရီဆိုတော့ အဆင်မပြေပေ။ မနက် အိပ်ရာထမှ result ကို ရင်ခုန်စွာ သွားကြည့်ပြီး (၀-၁) ဆိုမှ highlight လေး ပြန်ကြည့် ဖြစ်၏။ ပွဲက ကောင်း၏။ အပြန်အလှန် တိုက်စစ်ဆင်ပြီး အကြိတ်အနယ်ကို ယှဉ်ပြိုင်ကစားကြ၏။ အင်းလေ Round 5 ပြီးရင် ကွာတားဖိုင်နယ် အဆင့် ဆိုတော့လည်း သေသေချာချာလေး ကစားကြခြင်း ဖြစ်မည်။

EPL Week 20 အဖြစ် နော်တင်ဟန် အိမ်ကွင်းမှာ ကစားစဉ်က (၂-၁) ဂိုးဖြင့် ရှုံးထားတော့ ယခုပွဲ အတွက် အလုံးစုံ စိတ်မချနိုင်ပေ။ ကိုယ့် ယူနိုက်တက်က အသင်းကြီးရယ်မှ မဟုတ် ဘယ်အသင်းနဲ့ တွေ့တွေ့ ရင်တထိတ်ထိတ် အနေအထားမလား။ ယခင်လို မကန်ခင် ကတည်းက နိုင်ပြီးသား ဆိုသည့် ခံစားချက်မျိုး မခံစားရတော့တာ ကြာခဲ့ပြီ။ နိုင်သွားလို့ တော်သေး၏။

တခုထဲသော လက်ကျန် ဖလား မျှော်လင့်ချက်လေးလည်း ဆက်လက် ရှင်သန် နေသေးသည်ပေါ့။ နို့ပေမယ့် ဒီမျှော်လင့်ချက်လေးက ဆက်လက်ပြီး သက်ဆိုးရှည်နိုင်ပါ့မလား တွေးထင်မ်၏။ Round 5 ကို ဖြတ်ကျော်ခဲ့ပြီးနောက် ကွာတားဖိုင်နယ် အဆင့်မှာ လီပါပူးနှင့် ရင်ဆိုင် ယှဉ်ပြိုင်ရမည် ဖြစ်၏။ လက်ရှိ လီပါပူးနှင့် ကိုယ်တွေ ယူနိုက်တက် အနေအထားက အသိသာကြီး၊ အကွာလိုက်ကြီးကိုး။ ဒါပေမယ့်လည်း ဘာမဆို ဖြစ်သွားနိုင်တဲ့ အနေအထားမို့ ကိုယ့်အသင်းကို ဆက်လက် အားပေးရုံပင်။

တဖြည်းဖြည်း ဖြတ်ကျော်လာခဲ့တာ ဒီအဆင့်ထိပင် ရောက်လာခဲ့ပြီ မလား။ ကွာတားဖိုင်နယ်ကိုပါ ထပ်ကျော်နိုင်ရင် ဆီမီးဖိုင်နယ် ရောက်ပြီ။ ဆီမီးဖိုင်နယ် ပြီးရင် ဖိုင်နယ်ကစား အနိုင်ယူ ဖလားသိမ်း။ ဒီလိုလေးဆို ကောင်းပြီ။ ကိုယ်တွေ အသင်း အတွက် ဒီရာသီမှာ ဖလား ဆိုလို့ ဒီတခုပဲ ကျန်သည်ကိုး။ မနှစ်ကတော့ EFL Carabao Cup ရခဲ့သေး၏။ ဘာပဲ ပြောပြော ဒီနှစ်သာ FA ဖလားလေး ရလိုက်မယ် ဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲပေါ့။

ကြားရက် FA ဖလား ကစားပြီးနောက် လာမည့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီ မှာတော့ EPL week 27 အဖြစ် မန်ချက်စီးတီး၏ အိမ်ကွင်းမှာ သွားရောက် ကစားရမည် ဖြစ်၏။

(Photos from Manchester United Facebook page)

We're on the Way | Ecency