မင်္ဂလာပါ မိတ်ဆွေတို့ရေ။
ရာသီဥတု က အုံ့အိုက်ကြီးပါ။
နေ ကောင်းကောင်း မပွင့်သလို မိုး လည်း မရွာပါ။
နေမပူလို့ အေးမယ် မထင်ပါနဲ့၊ အိုက်နေပါတယ်။
တယ်ပျင်းစရာကောင်းတဲ့ မိုးလေဝသအခြေအနေပါပဲ။
ဒီလို ရာသီဥတုမျိုးမှာ စိတ်က ရှုတ်ပါတယ်။
ငွေ ဝင် ကြမ်းနေရင်တော့ စိတ်ရှုတ်ချိန် မရလောက်ပါဘူး။
ဒီမှာ ပို့စ်တင်ဖို့ စာရေးရမှာ၊ ဘာစာရေးရမယ်၊ ဘာအကြောင်းအရာ တင်ပြရမယ်၊ အတွေးများ ချာချာလည်။
သာသာယာယာလေး စိတ်ကူးယဉ်နေရအောင်လည်း အချိန်အား သိပ်မရှိပါဘူး။
ဒါနဲ့ပဲ စိတ်ကြည်အောင် ပန်းလေးတွေ ရှာကြည့်ဖြစ်ပါတယ်။
ဒီနေ့တော့ ငွေပန်း ရွှေပန်း လေးတွေ အလှပေါ့။
ရွှေပန်း ငွေပန်းလေးတွေ က ဖြူလွှလှပပြီး မွှေးရနံ့သင်းတယ်။
ရွှေပန်း ငွေပန်း ရနံ့လေး ရှူရှိုက်လိုက်ရင် ခေါင်း ထဲ ကြည်လင်ပြီး လန်းဆန်းသွားပါတယ်။
ပိုက်ဆံများ တတ်နိုင်လို့ကတော့ အအေးခန်းလေးထဲမှာ ပန်းပေါင်းစုံ အလှထိုးထားပြီး ကွန်ပျူတာတစ်လုံး ဖြင့် ငွေရှာနေချင်ပါတယ်။
ကဲ မိတ်ဆွေတို့ရော အဘယ်သို့ ရှိကြလဲဗျို့။
တင်အောင်စိုး