မင်္ဂလာပါ။
ဒီနေ့တော့ ရွက်လှပန်းလေးတွေ ဖော်ပြရဦးမယ်။
ပန်း ဆိုသည်က လှပသောအရာ ကို ဆိုလိုသလား မသိပါ။
လှပသော အပွင့် မဟုတ်ပါဘဲ အရွက်ကိုလည်း ရွက်လှပန်း ဟု ခေါ်တတ်ကြသည်။
သပြေပန်းသည်လည်း ရွက်လှပန်း ပင် ဖြစ်သည်။
ပန်းပွင့်ပန်းခက် ဟု အခေါ်အပြော ရှိကြသည်မို့ လှပသော အရွက်အခက်လေးများကို ရွက်လှပန်း ဟု ခေါ်ကြသလား။
ခု ဖော်ပြတဲ့ ရွက်လှပန်းတွေ ၏ အမည်ကား မသိပါ။
ဂမုန်း အနွယ်ဝင်များ ဖြစ်ပေလိမ့်မည်။
ဒီရွက်လှပန်းပင်တို့သည်ကား အပွင့်လည်း ပွင့်ကြပါသည်။
အပွင့်သည်ကား သေးသေးလေးတွေ ပွင့်တတ်ကြသည်မို့ ပန်းပွင့် အဖြစ် အလှ မသုံးကြပါ။
အညိုရောင် ရွက်လှပင် သည်ကား မီးကွင်းဂမုန်း နဲ့ ဆင်တူသည်။
အချို့က ပန်းညိုဟု ခေါ်ကြမည် ထင်သည်။
အစိမ်းရောင် နွယ်ပင် သည်ကား ကွမ်းရွက်ပင် နဲ့ ဆင်တူသည်။
ဘာပင်တွေလဲ မိတ်ဆွေတို့ သိကြပါ၏လော။
ကျွန်တော်ကလည်း ကိုယ်မသိတာကြီး ဒီမှာ ပြပြ မေးနေမိတော့တာပဲ။