Praying by Pilgrimage from a distance

Words
87
Reading
1 min
Listen
Play
3y

မင်္ဂလာပါ။

တနေ့တနေ့ စာတွေရေး ပို့စ်တင်နေရတာလည်း ကြာလာတော့ ပျင်းလာသလိုပါပဲ။
တကယ်တော့ မပျင်းပါဘူး။ စာရေးဖို့ စဉ်းစားတွေးတောချိန် မရနေတာပါ။
စားဝတ်နေရေးအတွက် အလုပ်လုပ်နေရတာနှင့် မိသားစုကို အချိန်ပေးရကြောင့် Hive Blockchain ပေါ်မှာ လေ့လာစူးစမ်းချိန်လည်း မရှိဖြစ်နေတယ်။
သွားရင်းလာရင်း ပုံလေးတွေ ရိုက်ယူကာ ‌စာရေးတင်နေရတာလည်း အပ်ကြောင်းထပ်နေပါပြီ။
စာရေးဆရာ မဟုတ်တော့ စိတ်ဝင်စားဖွယ် ရသတွေ‌လည်း မရေးတတ်ပါဘူး။
ကဲ မည်သို့ပင်ရှိစေ၊ အနာဂတ်မျှော်လင့်ချက် အတွက် Hive Power စုဆောင်းနေတာမို့ ကြိုးစားပြီး ပို့စ်တင်ရပါဦးမယ်။


ပုံတွေက အင်းဝ ဘုရားဖူးသွားတုန်းက လမ်းမှာ ရိုက်ယူခဲ့တာတွေပါ။
အဝေးမှ စေတီတော်ကို လှမ်း၍ ဖူးမြင်ရင်း ဆုတောင်းလိုက်ရပါတယ်။
Hive ဈေး တက်ပါစေဟုသာ။
ဒီအကောင့်နဲ့ Steemit မှ စခဲ့တာ ခု Hive Blockchain မှာ ၅ နှစ် ပြည့်ပါတော့မည်။
ရက်ပေါင်း ၁၇၀၀ လောက် ရေးတင်ခဲ့တဲ့ စာတွေက မနည်းမနောပါပဲ။
စာဖြစ်ရုံတွေက များတော့ အရေးအသားတော့ မတိုးတတ်ခဲ့သလိုပါပဲ။

ပုဂံ ဆုံစည်းခြင်းက ၅ နှစ်ရှိခဲ့ပြီ။
Taungyi Gathering လုပ်ဖို့ စိတ်ကူးထားကြပေမယ့် မအောင်မြင်သေး။
ဆုပဲတောင်းနေရပြီ။
Hive ဈေး တက်ပါစေဟုသာ...

golden.future@golden.future

Praying by Pilgrimage from a distance | Ecency