မင်္ဂလာပါ ။
ဒီနေ့ ပျိုမေတွေ အကြိုက် စားစရာပါ။
ဒါမျိုးက ယောင်္ကျားသားတွေ စားတာ နည်းတယ် မဟုတ်လား။
သံပုယိုသီးသုပ် ပါ။
သံပယိုသီး ကို အခွံနွှာပြီး အဖက်မြှောင်းလေးတွေ ပိုင်းဖြတ်ထားပါတယ်။
ပုဇွန်ခြောက်ထောင်းရယ်၊ ငါးပိဖုတ်ရယ်၊ ငရုတ်သီးထောင်းရယ်၊ ဟင်းခတ်မှုန့်ရယ် ရောသမနယ်လိုက်တော့ သံပုယိုသီးသုပ် ဖြစ်ရောပဲ။
ချဉ်ငံစပ်လေးပါ။
ပုံ မြင်ရရင်ကို သွားရည်တမြမြ ကျချင်နေတယ် မဟုတ်လား။
အချဉ် ၏ စွမ်းပကားက မနည်းလှဘူးနော်။
မြင်ရသူ စားချင်စေတယ်။
အချဉ် မကြိုက်သူတောင် မြင်ရရင် သွားရည်ယိုတဲ့ သံပုရာယိုသုပ် ပါဗျို့။
စားကြပါဦးလား။
နေ့လည်နေ့ခင်း အိပ်ချင်နေပြီဆို ခုလို ချဉ်ငံစပ် အသုပ်လေးများ စားလိုက်ရရင် လူကို လန်းဆန်းသွားစေတယ်လေ။