Tech Age

Words
291
Reading
2 min
Listen
Play
2y

နည်းပညာတွေ တိုးတက်လာမှုက အံ့မခန်းပင်။ အကောင်း အဆိုး ဒွန်တွဲနေသည့် သဘောမို့ ကောင်းတာတွေလည်း ရှိသလို ဆိုးတာလည်း ရှိပေလိမ့်မည်။ တခြား အကြောင်းအရာ မပြောနဲ့ လက်ရှိမှာ Hot ဖြစ်နေသည့် ကိစ္စသာ ကြည့်။ AI တွေနဲ့ ပတ်သက်ပြီး လူပြော များများလာ၏။ တကယ်က နည်းပညာတွေက ဆိုး၊ မကောင်းနေခြင်း မဟုတ်ပေ။ အသုံးပြုသူက ဘယ်နေရာမှာ ဘယ်လို အသုံးချမလဲပေါ် မူတည်ပြီး ကောင်းခြင်း ဆိုးခြင်းတွေ ဖြစ်ကုန်ခြင်း ဖြစ်၏။

မဖြစ်လာနိုင်လောက်ဘူးဟု ကျနော်တို့ တွေးထားသည့် အရာတော်တော်များများ တကယ် ဖြစ်လာတော့ အံ့ဩငေးမော နေရုံသာ။ နဖူးတွေ့ ဒူးတွေ့ ကြုံ၊ အသုံးပြုခွင့်ရမှ ဟရောင်ရေ တကယ်ကြီးဟ ဟု တအံ့ တဩ ရေရွတ်မိကြလေ၏။ ဒါတောင် ကိုယ်တွေ သိသည့် အကြောင်းအရာက အနည်းငယ် လောက်သာ။ ကျနော်တို့ မသိသေးတဲ့ အရာတွေမှ အများကြီး ကျန်နေသေး၏။ နည်းပညာကြောင့် လုံးဝန်းသည့် ကမ္ဘာသည်ပင် ပြားသွားခဲ့ရသည် မဟုတ်လား။ ခေတ်၏ အရွေ့က မြန်လွန်းလှ၏။

ကျနော်တို့ လက်ထဲက Phone တွေပဲ ကြည့်လေ။ အသစ် အသစ်တွေ ထပ်ထွက်လာလေ၊ အသစ်သစ်သော design, feature, function တွေ ပါလာလေ ဖြစ်၏။ Electronic Company ကြီးတွေ၏ အားပြိုင်မှုကလည်း နည်းပညာ အသစ်အသစ်တွေ ဖြစ်ထွန်း ပေါ်ပေါက်လာရသည်ပင် မဟုတ်လား။ Phone ဖက်ကိုပဲ ဆက်ရရင် Android, IOS ဒီ platform နှစ်ခုကို အသိများ အသုံးများကြ၏။ Android ကတော့ Open source ဖြစ်၏။ iOS ကတော့ Android လောက် မပွင့်လင်း၊ မရိုးရှင်းလှပေ။

Android မှာတင်ကို ပိုမို Open source ဖြစ်သည့် အဖွဲ့အစည်းလေးတွေ ရှိသေး၏။ Google ၏ လွှမ်းမိုးထားမှုကို သဘောမကျသူများက open source app, software တွေ ဖန်တီး လုပ်ဆောင်ကြ၏။ တော်တော်များများ အတွက် Google က မရှိ မဖြစ် ဆိုပေမယ့် အချို့ အတွက်ကတော့ မရှိလည်း ဖြစ်ပေလိမ့်မည်။ ကျနော့် အတွက်တော့ Google က ရှိနေမှ ဖြစ်မည့် အရာ ဖြစ်၏။

Android က feature အသစ် တွေ့လိုက်၊ ထည့်လာလိုက် iOS ကလည်း feature အသစ် ထည့်လိုက် ပါလာလိုက်နဲ့ အတော်လေး သဘောကျချင်စရာပင်။ တခု ပိုသဘောကျဖို့ ကောင်းတာက iOS feature style တော်တော်များများကို Android တွေမှာ customize လုပ်ယူလို့ရ၏။ ဥပမာ iOS lock screen style မျိုး လက်ရှိ iOS update မှာ ပါလာသည့် depth lock screen ပုံစံမျိုး Android မှာလည်း ဖန်တီးယူလို့ရ၏။

တကယ်က ဒီနေ့လည်း မနေ့ကလို app လေး တခုအကြောင်း ပြောပြမလို့ပါ။ နို့ပေမယ့် အစချီ နိဒါန်းပျိုးလိုက်တာ အတော်ရှည်သွားခဲ့၏။ app လေးက တကယ် စိတ်ဝင်စားဖို့လည်းကောင်း၊ အသုံးလည်း ဝင်လောက်၏။ လက်တွေ့ သုံးကြည့်ပြီးရင်တော့ ပိုပြီး သေချာတိကျစွာ ပြောပြနိုင်ပေလိမ့်မည်။ app ကို sharing လုပ်ပေးထားသူကတော့ တကယ်ရ၊ တကယ် အဆင်ပြေလို့ တင်ထားပေးခြင်း ဖြစ်၏။ စမ်းကြည့်ဖို့ကတော့ ကိုယ့်တာဝန်ပေါ့လေ။ နောက်ရက်မှပဲ အဆိုပါ app အကြောင်း ပြောပြပါဦးမည်။

စကားမစပ် နက်ဖြန် မနက် ၁ နာရီခွဲမှာ Spain vs France တို့၏ Euro ဆီမီးဖိုင်နယ် ပွဲစဉ် ရှိ၏။ ထို့ပြင် မနက် ၆ နာရီခွဲမှာလည်း Argentina vs Canada တို့၏ Copa America ဆီမီးဖိုင်နယ် ပွဲစဉ်လည်း ရှိနေပြန်၏။ ဒီအတိုင်းဆို ဒီ App အကြောင်း နောက်ရက် ပြောပြ နိုင်ဦးမည် မထင်ပေ။ ကြားရက် တရက်ရက်ပေါ့ဗျာ နော့်။ မနက် ၁ နာရီခွဲဆိုပေမယ့် ဆီမီးဖိုင်နယ် ပွဲစဉ်ဆိုတော့ ကြည့်ဖြစ်သွားမည် ထင်ပါရဲ့။

(photos from Euro & Copa America Facebook pages)

Tech Age | Ecency