အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...
ပျင်းစရာကောင်းတဲ့စာတွေကို နေ့စဉ်ရက်ဆက်ရေးရင် အဆဲခံထိနိုင်တယ်... ဆိုတော့ အပြောင်းအလဲဖြစ်အောင် ဘာရေးရမလဲလို့ စဉ်းစားမိတော့ ဘာရေးရမယ်မှန်းမသိတော့ဘူး 😁 ထုံးစံအတိုင်းပေါ့လေ... ရေးချင်ရာရေးအစီအစဉ်အတိုင်း ဆက်လက်ချီတက်ကြတာပေါ့... ဒီနေ့မနက်ခင်း သောက်နေကျ လက်ဖက်ရည်ဆိုင်ရောက်သွားတော့ လက်ဖက်ရည် တစ်ခွက် မြန်မာကျပ်ငွေ(၇၀၀)တိတိ ဖြစ်သွားပါတယ်...
အံ့တွေကိုဩရောဗျို့... အမယ်လေး ဘာ့ကြောင့်အံ့တွေဩရသလဲဆိုတော့အခုအချိန်က ဈေးနှုန်းတွေပြန်ကျနေတဲ့အချိန်မှာ ဘယ်နဲ့ ဈေးတက်တယ်ဆိုတော့ အံ့တွေဩတာပေါ့... ကုန်ဈေးနှုန်းတွေ ကမောက်ကမဖြစ်ပြီး ဈေးတွေတက်ကုန်ကြချိန်မှာ ဈေးတက်သွားတာဆို အံ့တွေက ဩစရာမလိုဘူး... ဈေးတွေကျချိန်မှ ဈေးတက်တော့ အံ့တွေ ဩတာပေါ့ 😝
အမှန်ကတော့ အမှားမဟုတ်ဘူးပေါ့ အဲ- အမှန်တော့ အများညီ ဤကို ကျွဲဖတ်ဆိုပေမယ့် ဤကဤ ကျွဲကကျွဲပဲဖြစ်ပါတယ် 😅 တရားတွေကို ပြောပြနေမိတာ ကိုယ်တိုင်ကသေချာနားမလည်ပဲနဲ့ သူများကို ရှင်းပြနေမိတာ မသိသူကို မတတ်သူက ရှင်းပြသလို အကန်းကို အကန်းက လမ်းပြနေသလိုပဲ... ရောက်တော့ရောက်မှာ ချောက်ထဲကိုပေါ့ 😅
Hive ရော HBD ပါဘာမှမကျန်ပေမယ့် WOO Token ကိုလည်းထပ်ဝယ်ချင်ဖြစ်နေတယ်... ရောင်းစားလို့ရတဲ့ Token မှန်သမျှ အကုန်Hive နဲ့လဲတာတောင် 1 Hive မပြည့်လေသောအခါလို့ရေးရမှာပဲ... ဒီတော့အကြံကုန်တော့ ဂဠုန်ဆားချက်ရတော့တာပဲ... Ragnarok Game Content ကနေရထားတဲ့ NFT Card ကို ဈေးကွက်တင်ပြီး ရောင်းကြည့်နေတယ်... ရောင်းလို့ရလို့ကတော့ WOOSATURN တို့ WOORAVEN တို့ ဝယ်အုံးမှာ 😅
ရူးမယ့်ရူးလဲ ထမင်းလွတ် ဟင်းလွတ်ရူးကြည့်တာပေါ့ဗျာ... အများတကာတွေက တဝူးဝူးလုပ်နေကြမှတော့ ကိုလည်း ထပြီး ဝူးကို ဝူးရမှာပဲ 😅 တတ်နိုင်ဘူးလေ... ဂိမ်းထွက်လာမှ ဂိန်သွားလည်း ဂိန်ရုံပဲ 😅 အရင်တုံးက အမြတ်လေးများတိုးလာလေမလားဆိုပြီး ရှိတဲ့ Hive လေးကို သူဌေးဂိုက်ဖမ်းလို့ Dlux ကိုပြောင်းထားတာ ခု Hive ပြန်ချိန်းတော့ ရွာပတ်နေတာ ရပ်ကိုမရဘူးဖြစ်နေပြန်ပါရောလား 😁
ဘာရယ်မဟုတ် စိတ်ဖိအားတွေ များလွန်းချိန်မှာ စိတ်လေးနေတာတွေ အနည်းငယ်လောက်ပဲလျော့လျော့ ပေါ့ပါးတဲ့စာတွေကို ရေးတင်ချင်လို့ပါ... ရယ်စရာမဟုတ်လည်းပဲ အားရပါးရ ရယ်လိုက်ကြပါ... ရယ်လိုက်ရင် ပေါ့ပါးသွားတာကို လက်တွေ့ခံစားကြရပါလိမ့်မယ်... ပြုံးစရာတွေ့ရင် အားရပါးရပြုံးကြည့်လိုက်ကြပါ... ကြည်လင်လန်းဆန်းတဲ့ စိတ်ကို မြင်ကြရပါလိမ့်မယ်...
ကိုယ့်ရဲ့ စိတ်ရောကိုယ်ပါ အကျဉ်းကျသလိုခံစားနေရရင် လုပ်နေတဲ့အလုပ်ကိုရပ်လို့ သူငယ်ချင်းအပေါင်းအသင်းမိတ်ဆွေတွေနဲ့ လျှောက်လည်ပစ်လိုက်ရင် အတော်အတန်ပေါ့ပါးသွားပါလိမ့်မယ်... အပန်းဖြေခရီးလို့အမည်တပ်ပြီး ပျော်ပျော်ပါးပါး လျှောက်လည်လိုက်ရင် အဲဒီခရီးတစ်ခုရဲ့ တန်ဖိုးကို သိပါလိမ့်မယ်... ဒုက္ခများလှတယ်ဆိုတဲ့ ဘဝခရီးကြမ်းကြီးကို လျှောက်လှမ်းကြတဲ့အခါ ဘဝကို ဖြတ်သန်းကြတဲ့အခါမှာ "ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်သန်းကြပါ" အဲ-"ပေါ့ပေါ့ဆဆနဲ့တော့ မဖြတ်သန်းကြပါနဲ့"လို့ အကြံပြုချင်ပါတယ်...
အားလုံးကို လေးစားလျှက် -