ခံစားချက်စကားလုံးများ

cat_6536684_640.jpg
https://pixabay.com/photos/cat-kitten-feline-fur-mammal-6536684/
ထိခိုက်လွယ်တဲ့ စိတ်ခံစားချက်တွေ ရင့်ကျက်မှုနဲ့ ထိမ်းသိမ်းထားရတယ်
အတွေ့အကြုံနုနယ်သူအတွက် ရင့်ကျက်ခြင်းက အမြဲတမ်း မကူညီနိုင်ပါဘူး လူငယ်ပီပီ ခံစားချက်တွေကို ရှေ့တန်းတင်နေမိတာပါ
အတွေးခံစားချက် အတွေ့အကြုံခံစားချက် ဘယ်လိုခံစားချက်တွေဖြစ်နေပါစေ နှလုံးသားကို ထိုးနှက်နေတဲ့ အတွေ့အထိကိုတော့ နာကျင်ခြင်း‌ဖြစ်နေမလား ပျော်ရွှင်ခြင်းဖြစ်နေမလား ဘာဘဲဖြစ်နေပါစေ နုနယ်သူတွေအတွက် ခံစားချက်ခေါ်ဆောင်ရာနောက် လိုက်ပါမိနေမယ်လေ
ရိုးသားတဲ့ အချိန်တွေဟာလည်း အချိန်တန်တော့ အရည်ပျော်ပျောက်ဆုံးသွားရတယ်
ဟန်ဆောင်မှုတွေကို သင်ယူရင်း အတွေ့အကြုံတွေက ရိုးသားခြင်းကို အရောင်ဆိုးလိုက်ကြတယ်
မနက်ဖန်တွေကို မျှော်ရည်မှန်းတဲ့ အရာတွေ တကယ့်လက်တွေ့မှာ ဟန်ဆောင်မျက်နှာဖုံးအောက်က ခံစားချက်တွေနဲ့အတူ ရက်စက်နေနိုင်တာဘဲ ဘာမှ မသေချာပါဘူး အရာတိုင်းက ဟန်ဆောင်နေတာဘဲလေ
စိတ်ဓါတ်တွေလည်း မခိုင်မာနိုင်ခဲ့ အဆုံးအမတွေလည်း ပျောက်ရှသွားတယ်
မာယာလောကထဲ ယိုင်နဲ့နဲ့ ခြေလှမ်းတွေနဲ့ ခရီးဆက်တဲ့အခါ ခံစားချက်တွေက ကြမ်းရှလာတယ်လေ
သူလည်း မရိုးသားသလို ကိုယ်လည်း ဟန်ဆောင်နေတာပါဘဲ
လူတိုင်းက မရိုးသားတာမဟုတ်ပါ ခေတ်ကာလရဲ့တိုက်စားမှုအောက်မှာ ပြောင်းလဲလာတဲ့ စိတ်နေစိတ်ထားတွေပေါ့
စကားလုံးကြမ်းနေလည်း စေတနာစကားတွေဖြစ်နေရင် နားဝင်ပါတယ် နာခံရန် အသင့်ပါ
စကားချိုချိုလေးတွေက ဘဝတစ်ခုလုံးကို ရိုက်ချိုးဖျက်ဆီးနိင်တယ်ဆိုတာကိုလည်း ဘဝအတွေ့အကြုံတွေအရသိလာခဲ့ပါပြီ
ကြာတော့လဲ လောကကြီးကို ဘယ်လိုတုံ့ပြန်မိသလဲ
ဟန်ဆောင်အပြုံးနဲ့ ခံစားချက်အတိုင်းတုန့်ပြန်မိတာပါဘဲ
ခံစားချက်က ဘဝကို မောင်းနှင်နေတယ်မဟုတ်လား!

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center