စိတ်ဓါတ်မကျပါနဲ့

a7lady(55)
Published in
#ecency
Words
77
Reading
1 min
Listen
Play
5y

cartoon_2562900_640.jpg
link

အတားအဆီးတွေက များလွန်းတယ် အခက်အခဲတွေတစ်ခုပြီးတစ်ခု ပေါ်လာတယ်လေ အဆင်ပြေတဲ့နေ့ရက်တွေက တိုတောင်းလွန်းလှပါတယ် လွယ်ကူတဲ့ အခိုက်အတန့်လေးကို မထိန်းထားနိုင်ခဲ့ပါဘူး လောကမှာ ဘယ်အရာမှ မလွယ်ပါဘူးလေ အားလုံးက အခက်အခဲတွေ အနည်းနဲ့ အများတော့ ရှိကြတာပါဘဲ ခက်ခဲမှုတွေကို ရင်ဆိုင် ကျော်လွှားရမှာဘဲမဟုတ်လား အားမလျှော့နဲ့ ဆက်လက် ချီတက်ကြရမယ်လေ

တစ်နေ့ပေါ့ ဘယ်အရာတွေ ဘယ်လိုတားဆီးနေပါစေ အောင်မြင်တဲ့ နေရာကို ရောက်ရမယ်လေ မျှော်လင့်ခြင်းတွေကို ဆက်လက် မွေးမြူရင်းနဲ့ မနက်ဖန်တွေကို ကြိုဆိုနေပါတယ် တစ်ခုပျက်ရင် ဆယ်ခု တည်ဆောက်မယ်လို့လည်း စိတ်ပိုင်းဖြတ်ထားပါတယ်
လွယ်လွယ်လေးနဲ့တော့ အလျှော့မပေးနိုင်ပါဘူး

အမှားဆိုတာက လူတိုင်းနဲ့မကင်းပါဘူး အမှားတစ်ခုနောက်မှာ အမှန်တစ်ရာ ရှိနိုင်တာဘဲ
မှားပြီးတာကို ဆက်မမှားဖို့ဘဲ ဂရုစိုက်ရမယ် ဆက်လက်ကြိုးစားမယ် အတားအဆီးမှန်သမျှ ကျော်လွှားမယ် ဒါကိုဘဲ အရှုံးမပေးခြင်းလို့ ခေါ်ပါတယ် လုံးဝအရှုံးမပေးပါဘူး ဆက်လက်ယှဉ်ပြိုင်သွားနေမှာပါ

လျှောက်ခဲ့တဲ့လမ်းကို တည့်မက်စွာ ဆက်လက်လျှောက်လှမ်းရမယ် အတားအဆီးတွေ့တိုင်း နောက်တွန့်သွားဖို့ မလိုအပ်ပါဘူး ဘယ်လိုနည်းလမ်းနဲ့ ကျော်ဖြတ်ရမယ်ဆိုတာကို အမြဲတွေးနေတယ် လွတ်လမ်း ထွက်ပေါက်ဆိုတာ နေရာတိုင်းမှာရှိတယ်
အခွင့်အရေးဆိုတာ အမြဲရှိတယ်လို့ ယုံကြည်တယ်

ငါ့မှာ ကြိုးစားခွင့်ရှိတယ်လေ ဘာကို စိတ်ပူနေရမှာလဲ

a7lady@a7lady

စိတ်ဓါတ်မကျပါနဲ့ | Ecency