This content got low rating by people.

ခိုလံုစရာမရွိခဲ့တဲ့ေနာ

a7lady(55)
Published in
#ecency
Words
60
Reading
1 min
Listen
Play
5y

art_1839006_640.jpg
link

သိမ်းဆည်းကာထားမှာလားကွယ် အချစ်တွေကို ဘယ်နေရာမှာ သိုဝှက်လို့ထားမယ် ကိုယ်မသိတယ် တို့နှစ်ယောက်အချစ်တွေကို ဖုံးကွယ်လို့မထားနဲ့ လူတွေသိရင်လည်း သိပါစေကွယ် အချစ်အတွက်နဲ့ မစိုးရိမ်ပါနဲ့ ဖွင့်ဟမပြောလဲလေ ကိုယ်အမြဲနားလည်တယ်
အကြင်နာစကားလေးတွေကို အမြဲကြားချင်တယ် ချစ်သူရယ် သိမ်းဆည်းကာ မထားပါနဲ့ကွယ်
အချစ်များကို အချိန်တိုင်းမှာ ပွင့်လင်းစွာ ဖွင့်ဟလိုက်ပါ မင်းစကားသံလေးကို အကြင်နာတွေအပြည့်နဲ့ ပြောလိုက်ပါလားကွယ် သိမ်းဆည်းမထားပါနဲ့ ချစ်သူလေးရယ်
တစ်နေ့နေ့တော့ တို့နှစ်ယောက်နီးရမယ် အခက်အခဲတွေ ကြုံဆုံလာလဲ အတူကျော်ဖြတ်ကြမယ် ချစ်သူရယ် ဂတိတွေပေးပါတယ်
အမှားလုပ်ခဲ့မိရင်လည်း ခွင့်လွှတ်ဖို့တောင်းပန်လိုက်ချင်တယ် အမှားမကင်းတဲ့ လူ့သဘာဝဘဲကွယ် အပြစ်မယူပါနဲ့ တောင်းပန်ပါတယ်
ဝမ်းနည်းစကားတွေကိုတော့ မဆိုလိုက်ပါနဲ့ချစ်သူရေ နင်လေငါ့ကို ဂရုမစိုက်သလိုမနေပါနဲ့ အရင်လို မချစ်တော့ဘူးလားကွယ် မေးချင်မိပါတယ်
ပြောစကားတိုင်းကို တန်ဖိုးထား မှတ်သားထားပါမယ် အကြင်နာချစ်စကားလေးတွေကို ပွင့်လင်းစွာပြောပါချစ်သူရယ် ကိုယ့်ရင်မှာ အမြဲသိမ်းလို့ထားပါမယ်
တို့နှစ်ယောက်အတူ မခွဲတမ်းချစ်ကြမယ်
ဘယ်တော့မှ မမုန်းကြေးပေါ့ချစ်သူရယ်
အမြဲတမ်းချစ်လို့နေပါ့မယ်