အောက်ဆီဂျင်ဘဲလိုတယ်

Words
105
Reading
1 min
5y
Listen to this post
~1 min

oxygen_502887_640.jpg
link

အခုလေ သတင်းတွေ ကြားရတာပေါ့နော် အောက်ဆီဂျင်က အရမ်းကို ရှားပါးနေတယ် အောက်ဆီဂျင်မရရင် လူသေနိုင်တယ် အောက်ဆီဂျင်ရဖို့အတွက် အသည်းအသန် ကြိုးစားနေရတယ် ရောဂါဖြစ်တဲ့သူတွေက အောက်ဆီဂျင်မရတဲ့အခါ အသက်ဆုံးရှုံးနိုင်ချေများတယ်လို့ ပြောနေကြတယ် ကြားရတဲ့သတင်းအတိုင်းသာ အောက်ဆီဂျင်မလုံလောက်တာအမှန်ဆိုရင်တော့ ရောဂါမဖြစ်ခင်ကတည်းက အောက်ဆီဂျင်တွေ ဝယ်ထားသင့်တယ်လို့ထင်တယ် အောက်ဆီဂျင်က လူတိုင်းလိုအပ်တယ်လေ
မျိုးဗီဇကွဲ ကူးစက်မှုက တကယ်ကိုကြောက်စရာကောင်းပါတယ် အနံ့ပျောက်ပြီး သိပ်မကြာဘူး နောက်ရက်မှာ သေဆုံးသွားတယ်ဆိုတာမျိုး ခဏခဏ ကြားရတော့ စိတ်မကောင်းလည်းဖြစ်မိတယ် ကြောက်လည်း ကြောက်လာမိပါတယ်
အခုအချိန်မှာ ဘာမှမလိုဘူး အောက်ဆီဂျင်ဘဲလိုတယ် အောက်ဆီဂျင်သာရမယ်ဆိုရင် ဘာလုပ်ပေးရပေးရ ဘာဘဲပေးရပေးရဆိုတာမျိုး ဖြစ်လာနိုင်တယ်နော်
တက်နိုင်ရင်တော့ အောက်ဆီဂျင်တွေ များများသာ ဝယ်စုထားလိုက်တော့ ကိုယ်အသုံးမလိုလည်း အသုံးလိုတဲ့သူတွေကို ကူညီလို့ရတာပေါ့နော်
အရေးပေါ် လိုအပ်နေလို့ ရှားပါးနေလို့ မတန်တဆ ဈေးတွေနဲ့ ရောင်းတာမျိုးကိုတော့ မဖြစ်စေချင်ပါဘူး ရောဂါက လူတိုင်းဖြစ်နေတာလေ ငွေကြေးတက်နိုင်သူအတွက်တော့ ပြသနာမဟုတ်ပေမယ့် ငွေကြေးမရှိသူ ဆင်းရဲချို့တဲ့သူတွေအတွက် တကယ်ကို မခံစားနိုင်စရာအဖြစ်ပါနော် လှူနိုင်ရင်တော့ လှူပေးစေချင်ပါတယ်
အခုဆိုလေ ဘဝတွေက မသေချာ မရေရာတာတွေနဲ့ဘဲ ရှင်သန်နေရတယ်
ရောဂါကို ကြောက်နေရတယ် အပြင်လည်း မသွားရဲဘူး အလုပ်တွေလည်းမလုပ်ရဘူး ဝင်ငွေတွေက မရှိဘူး ရှိတာလေးတွေ ရောင်းစားတာ ချေးငှားစားတာတွေကလည်း ပထမလှိုင်း ဒုတိယလှိုင်းတွေကတည်းက ကုန်နေခဲ့ပြီလေ လှိုင်းတစ်ခုနဲ့တစ်ခုကလည်း လပိုင်းလောက်လေးဘဲကွာတော့ ငွေရှာချိန်ကမရှိခဲ့ပါဘူး လူတွေလက်ထဲ ငွေမရှိတော့ဘူး
နောက်ထပ် ဒီအတိုင်း ဘယ်လောက်ကြာအောင်ဆက်သွားနေမှာလဲ မသိပါဘူး
အခုဆို အရင်က အ‌ရေးမပါတဲ့ အောက်ဆီဂျင်က ရွှေထက်တန်ဖိုးရှိ အသုံးဝင်နေပြီ နောက်ထပ် ဘယ်လို မထင်မှတ်တာတွေ ဖြစ်လာဦးမှာလဲ မသိနိုင်တော့ပါဘူးနော်
ladyrose@ladyrose

အောက်ဆီဂျင်ဘဲလိုတယ် | Ecency