https://pixabay.com/photos/ball-beach-happy-ocean-pink-smile-1845546/
စာမရေးတာလည်း နည်းနည်း ကြာသွားပြီ အခုဒီနေ့တော့ စာရေးချင်စိတ်လေး ပေါ်လာလို့ စာပြန်ရေးလိုက်ပါတယ်
ပျော်ရွှင်ခြင်းနဲ့ မပျော်ရွှင်ခြင်းတွေက စိတ်ထဲမှာ အမြဲဖြစ်နေတက်တယ်နော် ပျော်နေတဲ့အချိန်မှာ လူက ပေါ့ပါးပြီး နေရထိုင်ရတာ အရမ်းကောင်းတယ် စိတ်ညစ်တဲ့အချိန်ဆိုရင်တော့ ဘယ်အရာကိုကြည့်ကြည့် မြင်သမျှဟာ ရုပ်ဆိုးနေသလိုဘဲ ကိုယ့်စိတ်က ဆိုးနေတဲ့အချိန်ကြည့်လို့ဖြစ်ပါတယ်နော်
စိတ်ထဲမှာ ကြည်လင်တဲ့အချိန်ဆိုရင်တော့ ဘယ်အရာကို မြင်ရသည်ဖြစ်စေ ကြည့်လို့ကောင်းသလို မြင်တွေ့ရတာတွေဟာလည်း စိတ်ကျေနပ်စရာတွေချည့်ဖြစ်နေတက်ပါတယ်
ပျော်တဲ့စိတ်ရယ် မပျော်တဲ့စိတ်ရယ်က ကိုယ့်ရင်ထဲကဘဲ ဖြစ်ပေါ်လာတာပါ အခြားအရာတွေက ဖန်တီးပေးနေတယ်ဆိုသော်လည်း ဖြစ်ပေါ်လာတဲ့ မူလ နေရာဟာ ကိုယ့်ရင်ထဲမှာပါဘဲ
ဘဝမှာ ယုံကြည်မှုတွေ ပျောက်ဆုံးလာတဲ့အခါမှာလည်း ပျော်ရွှင်ခြင်းတွေက အလိုလို ပျောက်ဆုံးသွားကြပါတယ် မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း ကိုယ့်ဘဝအတွက် ပျော်စရာတွေကို ဖြစ်ပေါ်စေနိုင်တယ်လေ
မိမိကိုယ်ကို ယုံကြည်မှုမရှိတော့တဲ့အခါ စိုးရိမ်စိတ်တွေ အားငယ်စိတ်တွေ ဖြစ်ပေါ်လာပြီး ပျော်ရွှင်ခြင်းတွေက ပျောက်ဆုံးသွားမှာပါဘဲ
ကိုယ့်ဘဝနဲ့ကိုယ် လောကအလယ်မှာ ရှင်သန်ကြရတယ် ကိုယ့်ရဲ့လက်ရှိဘဝအခြေအနေကို သူများတွေနဲ့ နှိုင်းယှဉ်မိကြတယ် အဲ့ဒီအခါမှာလည်း ပျော်ရွှင်ခြင်းတွေက ပျောက်ဆုံးရပြန်ပါတယ် တကယ်က သူ့မှာရှိတဲ့အရာတွေ ကိုယ့်မှာ မရှိနိုင်သလို ကိုယ့်မှာရှိတဲ့အရာတွေလည်းသူ့မှာ မရှိဘဲဖြစ်နေနိုင်ပါတယ် ကိုယ့်မှာရှိတဲ့အားသာချက်တွေကို မေ့ထားပြီး ကိုယ့်မှာမရှိဘဲ သူများမှာရှိနေတဲ့ အားသာချက်တွေကို အားကျနေတာဟာလည်း မိမိကိုယ်ကို စိတ်မပျော်စေတဲ့ အကြောင်းရင်းတစ်ခုပါဘဲ
ဒါကြောင့် ကိုယ့်ဘဝကို သူများနဲ့ နှိုင်းယှဉ်တာတွေ မလုပ်တာကောင်းပါတယ် သူလည်းသူ့ ဘဝနဲ့သူဖြစ်သလို ကိုယ်လည်း ကိုယ့်ဘဝနဲ့ကိုယ်ပါဘဲ
မိမိကိုယ်ကို ပျော်ရွှင်အောင်နေနိင်ခြင်းဟာ ဘဝမှာ အကောင်းဆုံးရှင်သန်နေထိုင်ခြင်းလို့ ထင်မြင်မိပါတယ်နော်