လောကအလယ် ရှင်သန်နေထိုင်တဲ့အခါ အကောင်းနဲ့အဆိုးက အမြဲကြုံရတာပါ အဆိုးတွေက ပိုများတယ်လို့ ခံစားရတယ် အကောင်းတွေကြုံရတာက ခဏလေးပါဘဲ အချိန်အတော်များများမှာ အဆိုးတွေနဲ့ရုန်းကန်နေရတယ်လေ ဒါကိုဘဲလေကဓံလို့ ခေါ်တာဖြစ်မယ်နော်
ဘယ်အရာတွေ ဘယ်လောက်ဘဲဆိုးနေပါစေ တစ်နေ့တော့ အကောင်းတွေရှိတဲ့နေ့ကို ရောက်ရမှာဘဲလို့ အားတင်းထားတယ် အလှည့်အပြောင်းဆိုတာ အမြဲတမ်းရှိနေနိုင်တာဘဲ အကောင်းကနေအဆိုး အဆိုးကနေအကောင်း ချက်ချင်းလည်း ပြောင်းလဲသွားနိုင်တယ် တဖြည်းဖြည်းချင်းလည်း ပြောင်းလဲသွားနိုင်တာဘဲ စိတ်ဓါမကျပါဘူး အကောင်းဆုံးကို မျှော်လင့်ပြီး ရှင်သန်နေထိုင်သွားရမှာဘဲလေ
ရောဂါကူးစက်မှုတွေက တစ်ဖန်ပြန်လည် ခေါင်းထောင်လာနေတယ်
နေ့စဉ်သတင်းတွေက အဆိုးဘက်ကို သွားနေပြန်ပြီ
ကာကွယ်ဆေးတွေလည်း ထိုးနေတယ်ဆိုတာ ကြားသိရတယ်
သေဆုံးသွားသော သူတွေလည်း မနည်းဘူး ရောဂါပျောက်ကင်းလို့ ပြန်လည်ကျန်းမာလာသူအရေအတွက်က ပိုမို များပြားပါတယ်
ရောဂါဖြစ်တာရယ် ကူးစက်မှုတွေရယ်က စီးပွားရေးကို အောက်ဆုံးရောက်အောင် လုပ်ဆောင်သွားတယ်
လူတွေရဲ့လက်ထဲမှာ သုံးစရာငွေမရှိနေတာ့ဘူး စားစရာအတွက် ပူပန်နေရပြီလေ
အိမ်မှာဘဲနေ အပြင်မထွက်နဲ့လို့ ခဏခဏ အမိန့်တွေ ပေးနေတာ
လူတိုင်းအတွက် အဆင်မပြေတော့ဘူး
အိမ်ထဲမှာ နေလို့မရတော့တဲ့ အခြေအနေတွေ ဖြစ်လာနေပြီ
ရောဂါဖြစ်ချင်ဖြစ်ပါစေ အစားအသောက်အတွက်တော့ ရှာဖွေဖို့ အိမ်ပြင်ကို မဖြစ်မနေထွက်ကြရပြီ
ရောဂါက ဘယ်တော့ ပျောက်ကွယ်မှာလဲ မသေချာတော့ပါဘူး
ရောဂါနဲ့အတူ ရှင်သန်သွားဖို့ဆိုတာကို ဘယ်လိုလုပ်ရမလဲဘဲ ပိုမို အာရုံစိုက်ကြရတော့မယ်လေ
အခုလို လူးလွန့်လို့ရသေးတဲ့ အခိုက်အတန့် အမှန်တိုင်းပြောရရင် အခွင့်အရေးတွေ အများကြီးရှိနေသေးတဲ့အချိန်မှာ ရောဂါကို အမြစ်ပြတ်အောင် လုပ်ဆောင်နိုင်မယ့်နည်းလမ်းကို လူသားအားလုံး ညီညွတ်စွာ လုပ်ဆောင်သင့်ပါတယ်
ဒီထက်ပိုမိုဆိုးလာမယ်လို့ ထင်မြင်ကြည့်ပါ ဘယ်လိုရင်ဆိုင်ကြမည်လဲ
အခုချိန်မှာ အပြောင်းအလဲ တစ်ခုခုကို လုပ်ဆောင်သင့်တယ်လို့ ထင်တယ်
လူသားတစ်ယောက်ဖြစ်တဲ့အတွက် ရှင်သန်ဖို့တော့ ရုန်းကန်ရပါတော့မယ်
နေထိုင်ရာလောက အမြန်ဆုံး ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းတယ်
@ladyrose