ခရမ်းသီးဖုတ်သုပ်

Words
86
Reading
1 min
1y
Listen to this post
~1 min

အိမ်ရှင်မတို့အတွက် အလွယ် ဟင်းတစ်ခွက်

ဟင်းတွေချက်ရတာ နေ့စဉ်ဆိုတော့ အလွယ် ဟင်းလေးချက်ဖို့ စဉ်းစားဖြစ်ခဲ့သည်။ ခရမ်းသီးကို ချက်စားခြင်း၊ ငပိရေ ဖြင့် ခရမ်းသီး တို့မြှုပ်စားကြသည်။ ထို့ကြောင့် ခရမ်းသီးကို မီးဖုတ်ပြီး စားဖို့ စိတ်ကူးဖြစ်ခဲ့သည်။

ခရမ်းသီးအလုံး လေးတွေမှာပါတဲ့အညှာကို လှီးဖြတ်ပစ်ရပါသည်။ စတင်မီးဖုတ်ချိန်တွင် အညှာအား အရင်ကျက်စေရန် မီးကြီးခဲပေါ် အရင် တင်ပေးရပါသည်။ အညှာအရင် ကျက်ပြီဆိုရင် ဘေးပတ်လည် သေခြာလှည့်ပေးရပါသည်။ ထိုနောက် ခရမ်းသီးအားလုံး ကျက်ပြီဆိုလျှင် သန့်ရှင်းသော ပန်းကန်ထဲထည့်ကာ အပေါ်မှ အခွန်အမဲများကို ခွာပစ်ရပါသည်။ အခွန်မဲများခွာထားသည့် ခရမ်းသီးမီးဖုတ်များကို ဇလုံတစ်ခု ထဲ ထည့်ထားရပါသည်။ ဘာကြောင့်ဆိုသော် ခရမ်းသီးမီးဖုတ်စဉ် ထွက်ရှိလာသော အချိုရေများ မပျောက်ပျက်စေရန် ဖြစ်သည်။

မီးဖုတ်ပြီး ထွက်ရှိလာသည့် ခရမ်းသီး မီးဖုတ် အချိုရည်လေးများထဲသို့ ကြက်သွန် အနည်းငယ်၊ နံနံပင် လေးများအား ကက်ကြေးဖြင့် ညှပ်၍ ထည့်ပေးရသည်။ ထို့နောက် အနံ့များ မွှေးကြိုင်စေရန် ကြက်သွန်အဖြူနှင့် ကြက်သွန်နီ အငယ် ဆီ‌မွှေး သက်ကာထည့်ပေးရပါသည်။ ဆားအနည်းငယ်၊ ကြက်သားမှုန့်အနည်းငယ်ထည့်ပြီး အရသာစုံအောင် နယ်ပေးရင်ရပါပြီ။

ထမင်းနဲ့ မစားလည်း ရေနွေးကြမ်းဖြင့် တွဲစားသောက်လျင်လည်း အလွန် အရသာရှိပါသည်။ စားကောင်း မွှေးကြိုင်သည့် ခရမ်းသီး မီးဖုတ်ဟင်းသုပ်တစ်ခွက်အား မျှဝေပေးလိုက်ရပါသည်။

ခရမ်းသီးဖုတ်သုပ် | Ecency