Welcome 2018 Quizzes

Words
143
Reading
1 min
Listen
Play
9y

2017ကုန်ဆုံပြီး 2018 ကိုရောက်တော့မယ်
ကျွန်တော် steemit က သူငယ်ချင်း မိတ်ဆွေတွေအတွက် နှစ်သစ်ကူးလက်ဆောင်လေးတစ်ခု စီစဉ်ထားပါတယ်ဗျ။
အဲ့ဒါဘာလဲဆိုတော့ ဉာဏ်စမ်းမေးခွန်းလေးတွေမေးပြီး အမှတ်အများဆုံးရသူ တစ်ဦးကို 1SBD လွှဲပေးသွားမှာဖြစ်ပါတယ်ဗျ။
တကယ်လို့ အမှတ်အများဆုံးရသူက တစ်ယောက်ထက်ပိုနေခဲ့ရင်တော့ မဲနှိုက်ရွေးချယ်ပေးမှာဖြစ်ပါတယ်။ အမှတ်အများဆုံးရသူက နှစ်ဦးဆိုလျှင်တော့ တစ်ဝက်စီခွဲပေးမှာဖြစ်ပါတယ်ဗျ။

ကဲမေးခွန်းလေးတွေကို ကြည့်လိုက်ရအောင်နော်....

ပထမဆုံးမေးခွန်းကတော့ အာဇာနည်ကိုးဦးရဲ့ နာမည်ကို ပုံပါ နံပါတ်စဉ်အတိုင်း မှန်အောင်ပြောပြပေးရမှာဖြစ်ပါတယ်။
image
အဲ့ဒါကတော့ မေးခွန်းနံပါတ် ၁ ကနေ ၉ ထိပါ။

၁၀။ မြန်မာနိုင်ငံ၏ သမ္မတအမည်
၁၁။ မြန်မာနိုင်ငံ၏ ဒုသမ္မတ(၁)အမည်
၁၂။ မြန်မာနိုင်ငံ၏ ဒုသမ္မတ(၂)အမည်
၁၃။ မြန်မာနိုင်င်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏အမည်
၁၄။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏အမည်
၁၅။ မြန်မာနိုင်ငံ အာဆီယံအဖွဲ့သို့ဝင်ရောက်ခဲ့သည့် ခုနှစ်

အောက်ကနံပါတ်တွေကတော့ စကားထာဝှက်ထားတာရဲ့ အဖြေကို ဖြေပေးရမှာဖြစ်ပါတယ်။

၁၆။ သူ့အပင်က တစ်ရုံကြီး၊ သူ့အသီးက တစ်လုံးသီး။

၁၇။ ခေါင်းကြီးလို့ လည်သိမ်၊ ဖင်ပိန်တဲ့ ယောကျာ်း၊ မိုးပေါ်ပျံကာသွား၊ သိကြားလား နတ်လား။

၁၈။ သူက တစ်လက်မပဲရှိပေမယ့် သူ့အမြီးက တစ်မိုင်လောက် ရှည်နိုင်တာဘာလဲ။

၁၉။ သင်တစ်ဦးတည်း ပိုင်ဆိုင်သောအရာ ဖြစ်သော်လည်း သင်၏ မိတ်ဆွေ သူငယ်ချင်းများကသာ အများဆုံး အသုံးပြုသော အရာကား အဘယ်နည်း။

၂၀။ ကျွန်ုပ်မှာ ခြေနှစ်ဖက် လက်နှစ်ဖက်ရှိတယ်။ နေ့အခါမှာ ခွေခွေခေါက်ခေါက်အိပ်ပြီး ညအခါမှာ တကိုယ်လုံး ဆန့်အိပ်တတ်တယ်။ ကျောကတော့ ဖြူဖြူ၊ ကိုယ်လုံးကတော့ ဖြူတဲ့အခါဖြူ၊ အရောင်စုံအသွေးစုံ ရှိတဲ့အခါလဲရှိ။ လူတွေနဲ့ အနီးကပ် နေတတ်တယ်။ လူကိုလည်း အန္တရာယ်ကနေ ကာကွယ်ပေးလေ့ရှိပါတယ်။ မြန်မာပြည်ထဲက အိမ်တိုင်းလိုလိုမှာ တွေ့ရတတ်ပါတယ်။ ကျွန်ုပ် ဘယ်သူလဲ။

နောက်ဆုံးမေးခွန်းကတော့ ပုံလေးကိုကြည့်ပြီးဖြေပေးရမှာဖြစ်ပါတယ်။
image
၂၁။ ပုံထဲမှာပါဝင်တဲ့ တြိဂံအရေအတွက်

ကဲ အားလုံးပေါင်း အမှတ် ၂၁ မေးထားပါတယ်ဗျ။ ကံကောင်းခြင်းများ ပိုင်ဆိုင်ကြပါစေ.......

ပါဝင်နိုင်သည့် စည်းကမ်းချက်ကတော့ တစ်ခုထဲပါပဲ။ ယခုပိုစ့်ကို vote လုပ်ပေးဖို့ပါပဲဗျ။ ကျေးဇူးတင်ပါတယ်ဗျ။
နောက်ဆုံးဖြေဆိုရမယ့်အချိန်ကတော့ ၂.၁.၂၀၁၈ ည၁၂:၀၀ နောက်ဆုံးပါဗျ။ မန့်မှာပဲဖြေပေးရမှာဖြစ်ပါတယ်
image

wailinn@wailinn (ရဲဝင့်)
MSC 144

Welcome 2018 Quizzes | Ecency