သတင်းမှန်သိအောင် ဘယ်လိုလုပ်မလဲ။

Words
93
Reading
1 min
Listen
Play
8y

mee.jpeg
Photo Credit: Internet

သတင်းတွေကို တွေ့မြင်လိုက်တိုင်း အားလုံးဟာ မှန်တယ်လို့တော့ ယူဆလို့မရပါဘူးနော်။
တစ်ချို့ သတင်းတွေက အတုလုပ်ပြီး တင်တတ်တာမျိုးရှိသလို တစ်ချို့ သတင်းတွေက
နောက်ပြောင်ပြီး တင်ထားတာတွေလည်း ရှိတတ်ပါတယ်။ အဲ့ဒီတော့ သတင်းမှားလား
သတင်းမှန်လား စစ်ဆေးသိနိုင်ဖို့ လိုအပ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ကိုယ်ဖတ်လိုက်တဲ့
ပို့စ်မှာ ပါဝင်တဲ့သတင်းကို တင်ထားတဲ့ အကောင့် ဒါမှမဟုတ် page ဟာ ယုံကြည်စိတ်ချရမှု့
ရှိ/မရှိ သိရှိဖို့ အရင်ဆုံးလိုအပ်ပါတယ်။ အဆိုပါ အကောင့် ဒါမှမဟုတ် page ဟာ ဘယ်လိုပုံစံမျိုး
ပိုစ့်တွေကို တင်လေ့ရှိသလဲဆိုတာပေါ့။ အဓိကအားဖြင့် Blue Mark တွေပါရှိတဲ့ အကောင့် ဒါမှမဟုတ်
page ဟာ ယုံကြည်စိတ်ချရလေ့ရှိပါတယ်။ နောက်တစ်ခုက ပိုစ့်တစ်ခုကို တွေ့မြင်လိုက်ပြီ ဖတ်ပြီးပြီဆိုရုံမှနှင့်
ယုံကြည်စိတ်ချစွာ Sharing မလုပ်ဘဲ comment တွင် ဖတ်ကြည့်လေ့လာပြီးမှသာ အဆိုပါ သတင်းဟာ
သတင်းမှန်လား၊ သတင်းမှားလားဆိုတာကို ကောင်းကောင်းခွဲခြားသိမြင်နိုင်မှာ ဖြစ်ပါတယ်။

ဒီနေ့အတွက်တော့ ဒီလောက်နဲ့ပဲ နားကြပါအုံးစို့...
လူဆိုတာ စာအများကြီးဖတ်လာရင် ငြီးငွေ့တတ်တဲ့ သဘောရှိတယ်မဟုတ်လား။
နောက်နေ့မှာလည်း ဆက်ပြီးတော့ သတင်းအမှား အမှန် ခွဲခြားသုံးသပ်နိုင်ဖို့ ပြောပြပေးသွားအုံးမှာပဲ ဖြစ်ပါတယ်။
မိမိတို့ သိရှိထားတဲ့ နည်းလမ်းလေးတွေကိုလည်း comment မှာ ဝေမျှပေးကြဖို့ ဖိတ်ခေါ်ရင်း

wailinn@wailinn
MSU - 010

သတင်းမှန်သိအောင် ဘယ်လိုလုပ်မလဲ။ | Ecency