Please advice me

Words
86
Reading
1 min
Listen
Play
9y

Depression
image
စိတ်ကျရောဂါတဲ့.....
နာမည်အဆန်းပါလားလို့ တစ်ချိန်ကတွေးထင်ခဲ့တယ်။ လူတွေ ဘာလို့ စိတ်ကျရောဂါရရတာလဲပေါ့။ ဘာတွေများ သေလောက်အောင်အထိ စိတ်ညစ်စရာ၊ စိတ်ဓာတ်ကျစရာများရှိနိုင်မှာလဲ တွေးမရဖြစ်ခဲ့တယ်။ ကိုယ့်ဘဝ အဆင်ပြေနေတဲ့အချိန်ကတွေးခဲ့တဲ့ အတွေးလေးပေါ့။ ပေါ့ပေါ့လေးတွေးပြီး စိတ်ကျရောဂါကြောင့် သေဆုံးသွားရတဲ့သူတွေကို အပြစ်မြင်နေခဲ့မိတယ်။
image
ဒါပေမယ့် ဒီနေ့အချိန်မှာတော့ ကိုယ်ကိုယ်တိုင်ကိုက စိတ်ကျရောဂါအစပျိုးဝင်လာနေပြီလို့ ထင်မိတယ်။ အခုတလော ( လေးလ ငါးလလောက်ရှိပြီ) ဘာလုပ်လုပ် အဆင်မပြေဖြစ်ရတယ်။ ဘယ်သူ့ဆီက အကူအညီတောင်းတောင်း အငြင်းခံရတယ်။ ကိုယ်ကူညီဖူးတဲ့သူတွေတောင် ကိုယ့်ကိုမကူညီချင်ကြဘူး။ ဆေးစက်ကျရာ အရုပ်ထင်ရာကနေ ဆေးစက်ကျရာ မှင်ပြန့်နေတော့ စိတ်ဓာတ်ကြလာခဲ့တယ်။ စီးပွားရေး၊ လူမှုရေး အကုန်လုံး တက်တက်ကြွကြွရှိလာခဲ့တဲ့သူ အခုချိန်မှာတော့ အားပေးဖော်၊ ရင်ဖွင့်တိုင်ပင်ဖော်မရှိဘူး ဖြသ်လာခဲ့တယ်။
ဒီကြားထဲ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ ဆိုသလိုပဲ လုပ်သမျှ ကိုင်သမျှ အဆင်မပြေဖြစ်ရတဲ့ထဲမှာ ဆိုင်ကယ်ကို ကားနဲ့ မတော်တဆ တိုက်မိခဲ့တယ်။ လျော်ကြေးလည်းပေးရတယ်။ တစ်ကြိမ် တစ်ခါမှ မရောက်ဖူးတဲ့ တရားရုံးအထိသွားပြီး အမှု့စစ်တာခံယူခဲ့ရပြီး တစ်ဖက်ကကြေအေးပေးလို့သာ ဒဏ်ငွေဆောင်ခဲ့ရပြီး တရားသူကြီးရဲ့ တရားခံလို့ သုံးနှုန်းတာခံခဲ့ရတယ်။
image
တဖြည်းဖြည်းနဲ့ လုပ်သမျှကလည်း မအောင်မြင်တော့ စိတ်ဓာတ်လည်း ကျပြီးရင်းကျ၊ ကျသထက်ကျလာတော့ ကြာလာရင် စိတ်ကျရောဂါဖြစ်သွားမှာ ကြောက်လာမိတယ်။ ဘာလုပ်လုပ်အဆင်မပြေတဲ့ ဘဝကြီးကို ဘယ်လိုကျော်ဖြတ်ရမလဲ။ ဘယ်လိုကြိုးစားရမလဲ။ အကြံဉာဏ်လေးများ ပေးကြပါအုံးဗျာ။
wailinn@wailinn

Please advice me | Ecency