အိမ်မှာတယောက်ထဲရှိတာကြောင့် ဟင်းကလာချဉ်၁၀၀ဖိုး မရမကဝယ်ရောင်းခိုင်းပြီး ကြက်သွန်နီလေးလှီးပြီး ဆီလေဆမ်းသုပ်စားဖို့ ပြင်ဆင်လိုက်ပါတယ် ။
ဘုရားသွားတဲ့ အမေနဲ့ညီမလေးလဲ ပြန်မလာဘူးအထင်နဲ့ ထမင်းစားခါနီးမှ ကြက်ဥတလုံးအလွယ်ကြော်ပြီး အိမ်မှာရှိလက်စ ငပိကြော်လေးနဲ့ ဆိုတော့ အထွေအထူး ဟင်းဘိုးမကုန်တော့ဘူးပေါ့ ။
ဗြုန်းဆို ရောက်လာကြတဲ့သားမိနှစ်ယောက်က စားသွားတယ် ။ ဖုန်းဆက်မေးတော့ ပြန်မလာသေးဘူး စပြီးပြောတယ်လေ ။ ကိုယ်က ကြိုတင်ချက်ပြုတ်ထားမယ့်ဟာ မချက်စေချင်လို့ တဲ့ ။
MSC 027