အမွှေစိန်မတယောက် MSC မှာ မမွှေတော့ဘူးပြောလို့  စောင့်ကြည့်မိတော့ တပတ်လောက်ဟုတ်နေတယ် ။ သူ့ ဖီလင်တွေသူရေးတင်နေတာလဲ ဖတ်ရတော့ အိမ်ကအမေကို ချီးကျူးရင်း ပြောပြမိတာပေါ့ ။ ပြောပြီးလို့  ဘာမှမကြာပါဘူး ဇာတိက ပြလာတယ် ။
နေမကောင်းဘူး သွားကိုက်တယ် တအော်အော်လုပ်ပြီး ဘဏ်ပိတ်ရက်နဲ့က တိုက်ဆိုင်နေတော့ ကျမအနားလာကပ်ပြီး တဂျီဂျီညည်းနေရှာတာ ။ စိတ်ထဲက ညီမလေးသနားလိုက်တာတွေးပြီး ခေါင်းဖြီးပေး ရေပတ်တိုက်ပေးနဲ့ ဆားရေပလုပ်ကျင်းဘို့ ပါ အဆင့်သင့်တွေလုပ်ပေးပြီး ပြုစုကြင်နာပေးခဲ့တာ ။
sunday ဆိုတော့ ကိုယ်ကလဲဖုန်းလေးထဲဟိုကြည့်ဒီကြည့်လုပ်ပြီး ဘဏ်ကအမကြီးတွေနဲ့ viber ပြောလက်စချပြီး သူ့ အတွက် ကော်ဖီလေးဖျော်တိုက်အုံးမယ် ဘာမှမစားနိုင်ဖြစ်နေရှာတာ သွားကိုက်တော့အော်နေရှာတာ သနားစရာလေးဆိုပြီး line မပိတ်ဘဲ ဖုန်းချထားခဲ့မိပါတယ် ငါးပါးကိုမှောက်ရောရှင် ။
viber က တတိန်တိန်ဆက်တိုက်မြည်နေလို့  မဖတ်ဘဲနေမလို့ ဟာကို မနေနိုင်လို့  ဖတ်လိုက်ပြီတဲ့ ။ ဘဏ်က bonus မပေးတာကို ရတယ်လို့  မာမီကိုလိမ်ထားပါတယ်ဆိုပြီး အော်တိုင်တော့တာ ။ အမွှေစိန်နဲ့ အတော်ကို ခက်တာပါ ။
ကျမက ဘဏ်က bonus ကိုမျှော်ပြီး အိမ်ကဘုရားဖူး ၂ခါထွက်တာတောင် bonus ပျက်မှာစိုးလို့  မလိုက်ခဲ့ပါဘူး ။ bonus ရတာနဲ့ တန်ခူးလဆိုတော့ လူကြီးတွေကန်တော့မယ် မိသားစုပျော်ပျော်ပါးပါး စားမယ်သုံးမယ် တွေးထားလေးကို မာမီကို ပြောပြထားခဲ့တော့ အခုသိရတာက kbz က ဒီနှစ် bonus မပေးနိုင်ဘူး အကုန်အကျများလို့ ဆိုတဲ့ ဘဏ်ကအကြီးတွေကတဆင့် ကြားလိုက်ရတော့ စိတ်မကောင်းမဖြစ်စေချင်တော့ bonus ရတယ်ဆိုပြီး လိမ်ထားမိခဲ့တာပါ ။
အမွှေစိန်ကျမအနား အနားကပ်တာ တနာရီမကြာတဲ့အချိန်လေးကို မွှေဖြစ်အောင်ကို မွှေစရာတွေ့သွားသေးတယ် ။ ရီလဲရီချင်ပါတယ် ။ တခုခုမဟုတ်တာလေး ကျမလုပ်မိတိုင်း သူနဲ့ချည်း အကုန်ပေါ်တယ်လေ ။ viber ကိုစာဖတ်ရုံတင်မကဘူး ကျမဟန်ဆောင်ပြီး စာကို reply သေးတာဆိုတော့ ဘဏ်ကအမကြီးတွေက reply ဖတ်မိပြီး အတော်အံ့ဘြသွားကြတာ ။
" Bonus ကို အကုန်ကျများလို့ မပေးဘူး မိသားစုစိတ်ဓာတ်နဲ့နေကြပါ ဘာညာကျပြောတယ်တဲ့ ကျမတို့ ဝန်ထမ်းတွေ လစာနဲ့မလောက်တာကျ မိသားစုစိတ်ဓာတ်လေးနဲ့ ချေးမပေးကြဘဲ တနင်္လာကျ လူကြီးကိုအတည်သွားပြောမယ် " တဲ့
သူ့  reply က အဲ့လိုဆိုတော့ ကျမမပြောရဲတာ ဘဏ်ကအမတွေသိနေတော့ ဒီစာမြင်ပြီး မျက်လုံးပြူးတဲ့ emoji တွေတန်းစီထွက်လာတော့တာလေ ခ်ခ် ။ အမွှေစိန်ဟာလေ သွားကိုက်နေတာတောင် မွှေဖြစ်အောင်မွှေသွားတော့တာပါ ။
MSC မိသားစုအပေါင်း မင်္ဂလာပါရှင် ။ နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ပါစေလို့  ဆုတောင်းလျှက် ……
MSC 027