နှင်းဆီ (၂)

Words
65
Reading
1 min
Listen
Play
9y

IMG_20180405_155833.jpg

လှချင်တိုင်းလှနေပါသော နှင်းဆီရယ်
နင့်ရဲ့အလှတွေမှာ သာယာမူးရစ်ခဲ့ပြီ
ပင်ယံထက်မှာ တည်ငြိမ်နေတဲ့
နင့်အလှကို ပိုင်ဆိုင်ခွင့်မရှိသော်လည်း
ငေးမောခွင့်တော့ ပေးလှည့်ပါလား
လေအယိမ်းမှာ ကနွဲ့ကလျလှုပ်ရှားဟန်က
ဒီမောင်ရင်ကို ပိုမိုလန်းလို့
ဖွင့်ဟလာတဲ့ ခံစားချက်ကို
မာန်တွေဝင့်ပြီး အထင်သေးကာ
ကျီစယ်သမှုမပြုပါနဲ့လား
နှင်းဆီရယ်
တစ်ခါတစ်ခါ လေပြေတွေကြား
လွှင့်မျောလာတဲ့ ရနံ့တွေကို
ခွင့်မပြုလည်း ရှုရှိုက်မိကာ
စွဲလန်းစိတ်က ပိုခဲ့ပြန်ပြီ
ရမက်ပြင်းလို့ တမ်းတသော်လည်း
ကိုယ်နဲ့မထိုက်တဲ့ မင်းလေးကို
မလိုသူတွေ ခြွေသွားရက်မှာတော့
မကြည့်ရက်ဘူး နှင်းဆီရယ်
ခက်ထန်လွန်းတဲ့ ဒီဝန်းကျင်မှာ
မင်းဘဝအနေမြင့်ဖို့ တောင်းဆုခြွေတာ
သိနိုင်မလား
ပိုင်ဆိုင်ခွင့်မရှိတဲ့ မင်းလေးထံမှ
ကြင်နာစွာနဲ့ စွန့်ကြဲလာမယ့်
အပြုံးတစ်ချက်လောက်တော့ တမ်းတမိတယ်
နှင်းဆီရယ်
မင်းဘဝဒီထက်မက သာယာစေကြောင်း
ဆုတောင်းပေးကာ လက်ပြနှုတ်ဆက်
ဆုတောင်းရုံမှတစ်ပါး မစွမ်းသာတဲ့
ငါ့အဖြစ်ကို စာနာလှည့်ပါ
နှင်းဆီရယ်

Photos:Image by me
Writter theinzawlin@theinzawlin
MSC - 128

နှင်းဆီ (၂) | Ecency