နှင်းဆီ

Words
50
Reading
1 min
Listen
Play
9y

IMG_20180406_124307.JPG

လှသွေးကြွယ်တဲ့ အိုဘယ့်နှင်းဆီ
ပွင့်ဖတ်များစွာ ကာရံထပ်လို့
အရောင်အသွေး စွေ့စွေ့နီကာ
မာနဂုဏ်ကို ပိုမိုဝင့်ကြွား
လှလွန်းရက်တဲ့ အိုဘယ့်နှင်းဆီ---
မင်းဂုဏ်မြင့်ဖို့ စတေးခံတဲ့
မြေဆီသြဇာ ဆွေးမြေ့သွားလို့
ကြမ်းခင်းပန်းအိုး နင်းခြေကာဖြင့်
နေခြည်အောက်အောက်မှာ အလှဂုဏ်ကို
အားကုန်ဝင့်လို့ တင့်တယ်နိုင်ပြီ
မြင်သူတကာ ငေးမောလောက်ကာ
အလှအောက်မှာ မာယာလက်နက်
ဆူးများဝှက်လို့ စူးစေပြန်တော့
စိတ်နင့်သွားလည်း ခဏလေးသာ
တပ်မက်မှုကို တစ်စက်မလျော့
စွဲလန်းကြီးအောင် ဆွဲဆောင်နေတော့
လှနိုင်လွန်းတဲ့ မင်းရဲ့အလှ
ဘယ်သူပြိုင်ကာ ယှဉ်ရက်မလဲ
မင်းရဲ့အလှ စာဖွဲ့ဆိုတောင်
တစ်ထောင့်တည ပုံပြင်အလား
ဖြစ်သွားလိမ့်မယ် အိုးနှင်းဆီရယ်

Photos:Images by me
Writter theinzawlin@theinzawlin
MSC - 128