မင်္ဂလာပါ Steemit မှ မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ၍ လိုအင်ဆန္ဒများအားလုံးပြည့်ဝကြပါစေလို့ ဦးစွာ ဆုတောင်းမေတ္တာပို့သပါရစေ ခင်ဗျား -
ကျွန်တော်တို့လူသားများသည် ကံဆိုသောအရာကို တော်တော်ရင်းနှီးကြသူများဖြစ်ကြပါသည်။ကံဆိုသည်မှာလည်း ဆိုးသောကံနှင့် ကောင်းသောကံဟူ၍ နှစ်မျိုးရှိပါသည်။လူတိုင်းနှုတ်ဖျားတွင်လည်း ကံကောင်းပါစေဟူသော အသုံးအနှုန်းများရေပန်းစားလေ့ရှိပါသည်။ကောင်းသောကံကို ရေပန်းစားတယ်ဆိုပြီး သူ့ကိုချည်းကြားနေရတာမျိုးမဟုတ်ဘဲ ကံဆိုးလိုက်တာကွာဆိုပြီးတော့လည်း ပြောလေ့ပြောထရှိကြပါသည်။သို့ပေမယ့်လည်း များသောအားဖြင့် ကံဆိုးလိုက်တာကွာဆိုသောအရာကို လူတိုင်းမနှစ်သက်သည်ကတော့ သေချာပါသည်။မည်သူမဆို မနက်မိုးလင်းကတည်းက တစ်နေ့တာလုံးကံကောင်းခြင်းများနဲ့ဘဲ ဆုံတွေ့ဖို့မျှော်လင့်ကာရှင်သန်နေကြသူများဖြစ်ကြပါသည်။
#Credit Vinge.It
ကံကောင်းသူများကတော့ မျက်နှာများပင်လျှင် တပြုံးပြုံးနဲ့ဝမ်းသာလျှက်ပါပေ။သူတို့ကိုကြည့်လိုက်လျှင် မြင်ရသူများအဖို့ အပျော်များကူးစက်ကာ အားကျလေ့ရှိကြပါသည်။ကံဆိုးသူများကတော့ မျက်နှာလည်းမကောင်း တစ်နေ့လုံးဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင်ကို ဖြစ်နေတတ်ကြပါသည်။သူတို့ကိုကြည့်လိုက်လျှင် မြင်ရသူများကလည်း ရင်ထဲမကောင်းဖြစ်လေ့ရှိကြကာ များသောအားဖြင့် ထိုသူများဖြင့် သိပ်မတွေ့လိုကြပေ။မတွေ့ချင်ပေမယ့်လည်း ရှောင်လွဲလို့တော့မရနိုင်ပေ။တစ်နေရာမဟုတ်လျှင် တစ်နေရာတွင်တော့ တွေ့ရစမြဲပါ။ကျွန်တော်တို့ပြုလုပ်လိုက်ကြသော အရာတိုင်းတွင် ကံကောင်းခြင်းနှင့် ကံဆိုးခြင်းကတော့ အမြဲတမ်းရှိနေတတ်ပါတယ်။အလုပ်လုပ်တိုင်း ထိုသို့ရလဒ်များဖြစ်ပေါ်လာပါကလည်း ကျွန်တော်တို့လူသားများသည် လက်ခံကြရစမြဲပါ။ဆိုးသောကံမို့လို့ မလိုချင် ၊ ကောင်းသောကံကိုမှ လိုချင်ပါသည်ဆို၍လည်း မဖြစ်နိုင်ပါ။
#Credit yotube.com
ကံကောင်းခြင်းနှင့် ကံဆိုးခြင်းကို အလျဉ်းသင့်သလို လက်ခံနေရသော်လည်း ကံဆိုးခြင်းများကို ရှောင်လွှဲနိုင်ကြစေရန် နည်းနည်းအမျိုးမျိုးဖြင့် ပြုလုပ်ဆောင်ရွက်ကြလေ့ရှိကြပါသည်။ကျွန်တော်သိရှိထားသည်က ကံဆိုသည်မှာ မိမိကိုယ်တိုင်ပြုလုပ်လိုက်သော အရာများအပေါ်တွင်တန်ပြန်သက်ရောက်မှုရှိသည်ဟု ဖြစ်ပါသည်။ထို့ကြောင့်အများက လက်ခံထားကြသည်မှာ စေတနာကောင်းလျှင် ကံကောင်းမည်ဟူ၍ပင်ဖြစ်ပါသည်။ထိုသို့ ကံကောင်းသည် ကံဆိုးသည်ဆိုသောအထဲမှာ ကျွန်တော်တို့ပတ်ဝန်းကျင်မှ ကောင်လေးတစ်ယောက်၏ ကံကောင်းချက်ကတော့ လက်လန်တယ်ဆိုတဲ့ အသံကိုကြားရာမှ ဤသို့ရေးသားရန်ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။
ကောင်လေးပြောပြသော ကံကောင်းခြင်းအကြောင်းကတော့ အရမ်းကြီးတော့ မထူးဆန်းပေမယ့် သူ့ခံစားချက်အကြောင်းလေးကို ဟာသသဘောမျိုးနှောကာ ပြောပြလာခြင်းဖြစ်ပါသည်။ထိုကောင်လေး၏ ပြောပြချက်အရ - တစ်နေ့သော ညနေပိုင်းတွင် ကျွန်တော်သည် ရုံးမှပြန်လာပြီး ပင်ပန်းလှသဖြင့် အိမ်တွင်အနားယူနေစဉ် ကျွန်တော့သူငယ်ချင်းရောက်လာကာ စကားစမြည်ပြောနေကြသည်။ကျွန်တော့သူငယ်ချင်းကလည်း ကျွန်တော့ထံသို့အလည်လာရောက်ခြင်းဖြစ်ပါသည်။ကျွန်တော်တို့က တစ်မြို့ထဲနေတယ်ဆိုပေမယ့်လည်း သူ့အလုပ်နဲ့သူဆိုတော့ သိပ်မတွေ့ဖြစ်ကြပေ။ထို့ကြောင့်သူ့ငယ်ချင်းက အခုလိုအလည်လာရောက်ခြင်းဖြစ်ပါတယ်။ကျွန်တော်တို့စကားတပြောပြောနဲ့ ထိုင်နေကြသည်မှာ နေပင်မှောင်စပြုလာပြီဖြစ်သည်။ထိုအချိန်တွင် ကျွန်တော်က ရေလည်းမချိုးရသေး ၊ ထမင်းလည်းမစားရသေးဆိုတော့ ကျွန်တော့သူငယ်ချင်းက ရေမြန်မြန်ချိုးပြီး လဘက်ရည်ဆိုင်ကိုသွားဖို့ တိုင်ပင်လာပါတယ်။ကျွန်တော်က ရုံးကလည်းပင်ပန်းလာသဖြင့် သိပ်မသွားချင်ပေမယ့် ကျွန်တော့သူငယ်ချင်းကို အားနာကာ လိုက်ဖို့ပြောလိုက်သည်။
ကျွန်တော်လည်း ရေမိုးချိုးကာ အသင့်ပြင်ဆင်ပြီးနောက် မြို့ထဲဖက်သို့ သူငယ်ချင်းနှစ်ယောက် လဘက်ရည်ဆိုင်ထိုင်ရန်ထွက်လာခဲ့ကြပါတော့တယ်။လဘက်ရည်ဆိုင်သို့ရောက်သောအခါ ကျွန်တော့သူငယ်ချင်းက ဗိုက်ဆာသဖြင့် ခေါက်ဆွဲပြုတ်တစ်ပွဲမှာပြီး ၊ ကျွန်တော်ကတော့ ပင်ပန်းနွမ်းနယ်မှုတွေ လန်းဆန်းသွားအောင်ဆိုပြီး မီးနဂါး(Fire Dragon) တစ်ဗူးမှာယူလိုက်ပါတော့သည်။
#Credit https://www.facebook.com/profile.php?id=100006587146018
ကျွန်တော်လည်း စိတ်ကသိပ်မကြည်ချင်တော့ အချိုရည်သောက်ရန် ဗူးမှ ကလစ်ကိုကိုင်ဆွဲလိုက်သည်။ထိုမီးနဂါးအချိုရည်တွင် ကံစမ်းမဲလည်းပါတယ်ဆိုတော့ ကံကောင်းခြင်းရှိမလားဆိုပြီး တစ်ချက်ကြည့်လိုက်မိပါသည်။
ကျွန်တော်က ကြည့်သာကြည့်လိုက်ရတာပါ။မီးနဂါးအချိုရည်ကို အခါအားလျော်စွာ ၀ယ်ယူသောက်သုံးလေ့ရှိပါသည်။သောက်သုံးတိုင်းလည်း ကံစမ်းသောအနေဖြင့်အမြဲတမ်း ကလစ်ကိုရင်ခုန်စွာကြည့်တတ်ပါသည်။သို့ပေမယ့်လည်း တစ်ခါတစ်လေ လမ်းမှား၍တောင်မှ ကျွန်တော်ကံကောင်းခြင်းရလဒ်များကို ပိုင်ဆိုင်ခြင်းမရှိဖူးခဲ့ပါ။ထို့ကြောင့် အခုတစ်ခါလည်း သိပ်ပြီးထူးထူးခြားခြားရင်ခုန်ခဲ့ခြင်းမရှိခဲ့ပါ။ကံကောင်းခြင်းလည်း ရှိမှာမဟုတ်ဘူးဆိုတာကို ယုံကြည်နေလျှက်ပေါ့။ထိုအချိန်မှာဘဲ ကံကောင်းခြင်းက ကျွန်တော့ကို ကျီစားလိုက်ပါပြီ။ထူးထူးဆန်းဆန်း အချိုရည်တစ်ဗူးကံစမ်းမဲပေါက်ပါတော့တယ်။
#Credit asia beverages facebook page
ကျွန်တော်လည်း အချိုရည်တစ်ဗူးပေါက်တယ်ဆိုတော့ ကျွန်တော့သူငယ်ချင်းကို ပေးလိုက်တယ်။စားပွဲထိုးလေးကို ခေါ်ကာ နောက်တစ်ဗူးထပ်ထုတ်ပေးဖို့ ပြောရပေမည်။
ကျွန်တော်တို့လည်း ကံစမ်းမဲပေါက်တယ်ဆိုပြီး စားပွဲထိုးလေးကိုခေါ်ကာ နောက်တစ်ဗူးထုတ်ပေးဖို့ ပြောချိန်မှာ စားပွဲထိုးက ပြန်ပြောလာပါတယ်။ကံစမ်းမဲကာလာက ကုန်ပါပြီတဲ့။ထို့ကြောင့် လှဲပေးလို့ မရတော့ပါဘူး ဆိုပြီးပြောလာပါတော့တယ်။ကျွန်တော်လည်းထိုအချိန်တွင် ကံစမ်းမဲကာလကို သေချာအောင်ပြန်ကြည့်လိုက်ပါတယ်။ကံစမ်းမဲကာလာ စက်တင်ဘာလ ၊ ၂၀၁၇ ခုနှစ်မှ ဒီဇင်ဘာလ ၊ ၂၀၁၇ ခုနှစ်ထိပါဘဲ။သို့ပေမယ့်လည်း ကံစမ်းမဲလက်ဆောင်များကိုတော့ ၂၀၁၈ ခုနှစ် ၊ ဧပြီလကုန်ထိထုတ်ပေးသွားပါမည်။ထို့သို့စည်းကမ်းချက်များပါရှိသော်လည်း စားပွဲထိုးလေးကထုတ်မပေးတော့ပါဘူးဟု ဆိုလာသောအခါ ကျွန်တော်လည်း ဘာပြန်ပြောရမှန်းမသိတော့ပါဘူး။မထုတ်ပေးတော့ဘူးဆိုတော့လည်း ဘယ်တတ်နိုင်မလဲပေါ့။ကျွန်တော်လည်း တစ်ခါမှတောင် ဒီအချိုရည်ဗူးမှ ကံကောင်းခြင်းမရှိခဲ့တာဆိုတော့ နည်းနည်းတော့ စဉ်းစားမိတယ်။လက်ထဲကို ကံကောင်းပါတယ်ဆိုသော သက်သေခံအမှတ်အသားရောက်ရှိနေပြီးသားတောင်မှ ကံမကောင်းခဲ့ဘူးဆိုတော့ ကျွန်တော်သည်တော်တော်ကံဆိုးနေဦးမှာဘဲ ဆိုတာကို တွေးမိကာ ကံကောင်းကချက်ကတော့ လက်လွန်တယ်ဗျာ ဆိုပြီး ညဉ်းမိပါတော့တယ်။
ထိုဖြစ်ပျက်ကလေးကို ကျွန်တော့ပတ်ဝန်းကျင်မှ ကောင်လေးကပြောပြသောအခါ ကျွန်တော့မှာလည်း သူပြောတာကို သဘောကျကာ ပြုံးနေလိုက်ပါတော့သည်။ဒီအဖြစ်အပျက်ကလေးကို ကျွန်တော်သုံးသပ်စဉ်းစားမိတာက တကယ်ဆိုကံဆိုတာက ဆိုးသည် ၊ ကောင်းသည်ဟု သတ်မှတ်လို့လည်း အဆင်မပြေသေးပါ။ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ပတ်ဝန်းကျင်မှ လူများသည် သံသရာတွင်လည်ပတ်နေသူဖြစ်ကြသဖြင့် ဒီနေ့ကံကောင်းတယ်ဟု ထင်ပါသော်လည်း မနက်ဖြန်ကံဆိုးချင်ဆိုးနေပါလိမ့်မည်။ယခုလည်း ကောင်လေးအဖြစ်ကိုကြည့်မည်ဆိုလျှင် ကံစမ်းမဲပေါက်သောအချိန်သည် သူကံကောင်းသောအချိန်တွင်ဖြစ်ပြီး ၊ ကံစမ်းမဲကာလကုန်ဆုံးသွားပြီဟု ကြားသိရချိန်သည် သူကံဆိုးချိန်ဟုဆိုရပေမည်။ယခုအဖြစ်အပျက်က သိပ်ကိုထူးဆန်းမနေသော်လည်း ဆက်စပ်တွေးကြည့်ရမည်ဆိုလျှင် ထိုကဲ့သို့အဖြစ်အပျက်များ ကျွန်တော်တို့လောကတွင် အများကြီရှိနိုင်ပါသေးသည်။ဤမျှမကသော ကြီးမားသောအဖြစ်အပျက်များနှင့်သာ ကြုံကြိုက်ခဲ့ပါလျှင် လွယ်မည်မထင်ပါ။ဥပမာတစ်ခုအနေနဲ့ ပြောရမည်ဆိုလျှင် သိန်းတစ်သောင်းထီပေါက်ပြီး လက်မှတ်ပျောက်သွားခဲ့လျှင် ထိုကောင်လေးအနေနဲ့ ဘယ်လိုဖြစ်သွားမည်နည်း။ကျွန်တော်ထင်ပါသည် ထိုသို့အဖြစ်မျိုးကြုံရသော မည်သူမဆို တစ်ခုခုတော့ ထူးခြားသွားပါလိမ့်မည်။
#Credit PairedLife.com
ထို့ကြောင့် ကျွန်တော်တို့ပတ်ဝန်းကျင်တွင် ရှင်သန်နေထိုင်သမျှကာလပတ်လုံး ကံဆိုသောအရာနှင့် ဆက်လက်ဆက်နွယ်ပတ်သက်နေဦးမှာပါ။ထို့ကြောင့် စေတနာကောင်းမှ ကံကောင်းမည်ဆိုသော ဆောင်ပုဒ်များအရ ကံဆိုးသည်ကောင်းသည်ကို မျှော်လင့်ခြင်းမထားပါဘဲ ၊ ဘယ်အချိန်သေမည်မှန်း မသိသောနောင်လာမည့် စက္ကန့်ကလေးများကို စေတနာ ၊ မေတ္တာရှေ့ရှုထားကာ ရှင်သန်နေထိုင်နိုင်ကြစေရန် ရေးသားဖော်ပြလိုက်ပါသည်။
အထက်ပါအကြောင်းအရာများသည် ကျွန်တော်၏အတွေးသပ်သပ်သာဖြစ်ပါသဖြင့် လိုအပ်ချက်များ များစွာရှိနေခဲ့ပါသည်။လိုအပ်ချက်များရှိနေခဲ့ပါကလည်း ဝေဖန်အကြံလေးများပေးကြပါရန်ပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေ။
စာဖတ်သူ မိတ်ဆွေ ၊ ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။
Writter @theinzawlin
MSC - 128