အလွမ်းသံစဉ်

Words
43
Reading
1 min
Listen
Play
8y

မနက်ခင်းလေး နေရောင်ဖြန့်ချိန်
ဆွေးမြေ့လှတဲ့အသံတစ်ခု
အသံကြားရာ နားစွင့်မိတော့
အတိတ်ဆီကို မျောလွင့်ကာသွား
ရင်ထဲကနှလုံးသားတစ်စုံ
နုံးချိစွာနဲ့ မောပန်းပြန်ပြီ
မဖြစ်နိုင်တော့တဲ့ အတိတ်တစ်ခုကို
ပြန်လည်တူးဖော်ဖို့ အင်အားမရှိ
တမ်းတမိတိုင်း အရူးတစ်ပိုင်းဖြစ်သွားရလို့
ဆွေးမြေ့လှတဲ့ အသံလေးကို
ခံနိုင်စွမ်းလည်း မရှိတော့ပါ
သဘာဝရဲ့ သံစဉ်တွေနဲ့
နွေရာသီကို တန်ဆာဆင်သော
သံသာချိုတဲ့ ဥသြငယ်ရယ်
နင်သီကျူးသံကြား ငါမနေတတ်လို့
နင်နဲ့ထပ်တူ အလွမ်းတွေကို
မညီမညာ သီကုံးလို့ဖြင့်
ရင်မှာပွေ့ပိုက် သိမ်းဆည်းခွင့်တော့
ပေးလှည့်ပါလားကွယ်-----
IMG_20180505_082032.JPG

Image Credit Source

Writter theinzawlin@theinzawlin
MSC - 128

အလွမ်းသံစဉ် | Ecency